မလေးရှားသို့ တရာမ၀င်ခိုး လမ်းမှ သွားနေသည့် မြန်မာနိုင်ငံသားများအား ထိုင်းစစ်တပ်မှဖမ်းဆီး


၂၂-၂-၂-၁၆

ယနေ့ မနက် (၉)နာရီအချိန်မှာ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီ သစ်တောအတွင်း မြန်မာနိုင်ငံသားများဖြတ်ကျော်သွား နေကြောင်း ထိုင်းရွာသားတွေက သတင်းပေးလာကြတာကြောင့် ထိုင်းစစ်တပ်က သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းစစ်တပ်ကို တွေ့ မြင်ကြတဲ့ အခါ မြန်မာနိုင်ငံသား တချို့  ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန် မြန်မာနိုင်ငံသား (၃၅) ဦးကို (အမျိုးသမီး ၇-အမျိုးသား ၂၈ယောက်) ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ယခုဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသားအုပ်စုဟာ မြန်မာနဲ့  ထိုင်းနိုင်ငံသား လူကုန် ကူးနေသူတွေကို မလေးရှားအရောက် တဦးကို ထိုင်းဘတ်ငွေ ၇၀၀၀-မှ ၁၁၀၀၀) ကျပ် နှစ်သိန်းခွဲမှ သုံးသိန်း အထိ ပေးထား ပြီးဖြစ်ပါတယ်။

ရနောင်းခရိုင်အတွင်းတောလမ်းမှဖြတ်ပြီး ချွန်ဖုန်းမှတဆင့် မလေးနယ်စပ် စုမ်ခလာ အထိ သွားကြမှာဖြစ်ပါတယ်။

ယခုဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို တရားမ၀င် ထိုင်းနိုင်ငံအတွင်းသို့  ၀င်ရောက်လာမှုနဲ့  တရားစွဲဆို ခံရမှာဖြစ်ပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မလေးရှားသို့ တရာမ၀င်ခိုး လမ်းမှ သွားနေသည့် မြန်မာနိုင်ငံသားများအား ထိုင်းစစ်တပ်မှဖမ်းဆီး   မလေးရှားသို့ တရာမ၀င်ခိုး လမ်းမှ သွားနေသည့် မြန်မာနိုင်ငံသားများအား ထိုင်းစစ်တပ်မှဖမ်းဆီး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.