မနေ့ က လှုပ်တဲ့ ငလျှင်နဲ့  ရေတပ် စစ်ရေးလေ့ကျင့်မှု မသက်ဆိုင်


Sea Shield 2016 နှင့်ပတ်သက်၍ သတိပြုနိုင်ပါရန်

တပ်မတော်(ရေ)၏ Combined Fleet Exercise (Sea Shield) လေ့ကျင့်ခန်းများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်လေ့ကျင့်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၁၆ ခုနှစ် ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်ခန်း Sea Shield 2016 အား ကိုကိုးကျွန်းရေပြင်တစ်ဝိုက်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ တရားဝင်သတင်းထုတ်ပြန်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။

ဖော်ပြပါစစ်ရေးလေ့ကျင့်ခန်းသည် လက်နက်စနစ်များလေ့ကျင့်ပစ်ခတ်ခြင်းသက်သက်မျိုးမဟုတ်ပဲ အခြားသောရေတပ်ဆိုင်ရာလေ့ကျင့်မှုများစွာ ပါဝင်ပါသည်။

အသုံးပြုပစ်ခတ်မည့် ရေပြင် / ရေပေါ် / ရေအောက် လက်နက်စနစ်များမှာလည်း သမရိုးကျ Conventional များသာဖြစ်ပြီး ရေပြင်ပစ်လက်နက်များသာ အများဆုံးဖြစ်ပါသည်။ လက်နက်များ၏ထိရောက်မှုမှာ Limited Area Defense နှင့် Point Defense သာဖြစ်၍ ပစ်မှတ်အရွယ်အစား / အမျိုးအစားနှင့် ညီမျှသောထိရောက်မှုသာရှိပြီး ထိရောက်မှုအကျယ်နှင့်အနက်မှာ လေ့ကျင့်ခန်းဧရိယာအတွင်းရှိ Target သတ်မှတ်ထားသောရေပြင်တွင်သာ အကျိုးသက်ရောက်မှုရှိပါသည်။ ထို့ပြင် အသံနှင့်တုန်ခါမှုကိုလည်း Target ရှိရာနေရာတွင်သာ ခံစားသိရှိနိုင်သည်။

သတ်မှတ်ထားသော လေ့ကျင့်ခန်းဧရိယာအစသည် ရန်ကုန်မြို့နှင့်မိုင် ၂၀၀ ကျော်ကွာဝေးသည့်အပြင် လေ့ကျင့်ခန်းရေပြင်ဧရိယာ၏ ရှေ့-နောက် ၊ တောင်-မြောက် သတ်မှတ်ချက်သည် မိုင် ၅၀ ကျော်ရှိပါသည်။

ထို့ပြင် လေ့ကျင့်ခန်းအစီအစဉ်နှင့်အချိန်ဇယားအရ ယနေ့အချိန်ကာလအထိ လေ့ကျင့်ပစ်ခတ်ခြင်းများထက် အခြားသောလေ့ကျင့်ခန်းများနှင့် ဇာတ်တိုက်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်နေသောကာလဖြစ်ပါသည်။

စစ်ရေယာဉ်များ၏ စစ်ကစားလှုပ်ရှားမောင်းနှင်ခြင်း Maneuver နှင့်အတူ လေ့ကျင့်ပစ်ခတ်ခြင်း Fire Power အပြည့်အဝကို လေ့ကျင့်ခန်း၏ "ယ” ရက် မှသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်မတော်အကြီးအကဲများကိုယ်တိုင် စစ်ရေယာဉ်ဖြင့်လိုက်ပါ၍ အနီးကပ်လေ့လာကြည့်ရှုမည်ဖြစ်ပါသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှခံစားသိရှိခဲ့သောတုန်ခါမူသည် ရန်ကုန်မြစ်ဝတွင်လှုပ်ခတ်ခဲ့သောမြေငလျင်ကြောင့်သာဖြစ်ပြီး ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှုနှင့်သက်ဆိုင်ခြင်းမရှိပဲ အချိန်အခါအရ ကြံကြိုက်တိုက်ဆိုင်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ထွက်ပေါ်နေသောကောလဟလများ၊ ပညာရှင်ဆန်မှုအားနည်းသော သုံးသပ်ကောက်ချက်ချမှုများ၊ အခြေအမြစ်အားနည်းသော ဝေဖန်ပြောဆိုနေမှုများအပေါ်တွင် စဉ်းစားချင့်ချိန်နိုင်ရန်နှင့်သတိပြုနိုင်ရန် ဖော်ပြအပ်ပါသည်။

Myanmar Navy
https://www.facebook.com/www.myanmarnavy.org/
မနေ့ က လှုပ်တဲ့ ငလျှင်နဲ့  ရေတပ် စစ်ရေးလေ့ကျင့်မှု မသက်ဆိုင်  မနေ့ က လှုပ်တဲ့ ငလျှင်နဲ့  ရေတပ် စစ်ရေးလေ့ကျင့်မှု မသက်ဆိုင် Reviewed by THITHTOOLWIN on 12:31 Rating: 5
Powered by Blogger.