သျှမ်း/မြောက် စစ်ရှောင် ၁၀ တန်း ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်စိုးရိမ်


ဖေဖော်ဝါရီလ ၁၇ ရက် ၂၀၁၆

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်ြေ မာက်ရေး တပ်မတော် PSLF/TNLA နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ေ ရးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲေ ကြာင့် ကျောက်မဲမြို့ သို့ရောက်ရှိခိုလှုံနေသူ ၃၀၀၀ နီးပါးအနက် စာမေးပွဲဖြေဆိုရမည့် ကျောင်းသူကျောင်းသား ၄၀၀ ကျော်ပါရှိကြောင်း သိရသည်။

ယခုလလယ်ပိုင်းက သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ရောက်ရှိလာ သည့် တော့ဆန်ကျေးရွာအုပ်စု၊ ပန်စံအုပ်စု၊ မင်းကုန်းအုပ်စု၊ ပန်ကွမ်ရွာနှင့် ကန့်ကန်ရွာမှ စစ်ဘေး ရှောင်သူများအနက် ကျောက်မဲမြို့ သီဟိုဠ်ကျောင်း တိုက်တွင်ခိုလှုံနေသည့် ၁၀ တန်း ကျောင်းသား ၄၅ ဦးသည် ကျောင်းသင်ခန်း စာများ နှင့် ဝေးကွာနေသည်ဖြစ်ရာ တက္ကသိုလ် ၀င်တန်း စာမေးပွဲအတွက် စိုးရိမ်နေကြောင်း ကျောက်မဲမြို့က စစ်ဘေးရှောင်ကူညီကယ် ဆယ်ရေး အဖွဲ့ကပြောသည်။

နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် နန်းနွမ်းမိုက - တက္ကသိုလ် ၀င် တန်း ကျောင်းသား ကျောင်းသူ ၄၅ ဦး နဲ့ အထက်တန်းပြ ဆရာ ဆရာမ ၇ ဦး သီဟိုဠ်ေ ကျာင်းမှာ ခိုလှုံနေတယ်။ အခုချိန်က ၁၀ တန်းစာမေး ပွဲ ဖြေဆိုဖို့ ကျောင်း သား ကျောင်း သူ တွေပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အလျောက် သူတို့လေးတွေ စိတ်ပူ ရင်လေးနေကြပါတယ်- ဟု ဆိုပါသည်။

နမ့်ခုံးပရဟိတအသင်းမှ အဆိုပါ ကျောင်းသား ကျောင်းသူ နှင့် ဆရာ ဆရာမ များအား တစ်ဦးလျင် ကျပ် ၂၀၀၀၀ နှင့် အစားအသောက်များ ကို ထောက်ပံ့ေ ပး ခဲ့ကြောင်း သိရ သည်။

အလားတူ ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်မှလည်း မူလတန်းနှင့်အလယ် တန်း ကျောင်း သားကျောင်းသူ ၂၀၀ ခန့်အား နေထိုင်စားသောက်ရေး ကူညီထောက်ပံ့ မှု ပေးနေ ကြောင်း၊ စာမေးပွဲသွားရောက်ဖြေဆိုနိုင်ရန် အ တွက် လည်း ကူညီမှုများပေးေ ဆာင်နေကြောင်း ကျောက်မဲမြို့ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ ဗဟိုဦးစီး အဖွဲ့ဝင် စိုင်းသန်းမောင် ကပြောသည်။

အလယ်တန်းအဆင့် စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသားများအတွက် အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၀ နေ့အထိ လည်းေ ကာင်း၊ ကျန်အတန်း စာမေး ပွဲကို ၂၂ ရက်မှ ၂၇ ရက် နေ့အထိလည်းကောင်း ဒသမတန်းခေါ် တက္က၀င်တန်းစာမေးပွဲကို မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလ ၁၀ ရက် မှ ၁၄ ရက် နေ့အထိ ကျောက်မဲမြို့သို့ ရောက်ရှိလာသော စစ်ဘေးရှောင် ရွာသူ ရွာသား ၂၇၀၀ ကျော်ရှိရာ ဘိုးဘွားရိပ်သာတွင် ၃၁၈ ဦး၊ သီဟိုဠ်ကျောင်း တွင် ၃၄၅ ဦး၊ နမ့်စစ်လင်းကျောင်းတွင် ၂၆၂ ဦး၊ နမ့်ပိန် ဘုန်ကြီးကျောင်းတွင် ၁၀၉ ဦး၊ တောင်ေ နာက် ကျောင်းတွင် ၂၀၅ ဦး၊ အောင် ဆုပန် ကျောင်းတွင် ၄၁၉ ဦး၊ ၀ါဆိုကျောင်းတွင် ၇၈ ဦး၊ ရွှေ ကျင်ကျောင်းတွင် ၈၉ ဦး၊ ရွှေညောင်ပင်ကျောင်းတွင် ၁၈၁ ဦး၊ ကန်မိန်းကျောင်းတွင် ၉၆ ဦး၊ ကမ္ဘောဇရှမ်းကျောင်းကြီးတွင် ၁၂၁ ဦး သာသနောဒယကျောင်းတွင် ၄၈ ဦး ၊ အောင် မင်္ဂလာဘုန်ကြီးကျောင်းတွင် ၅၀ ဦး ၊ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် ၇၁ ဦး၊ မန်စန်းရပ် မိုင်း တင်းကျေးရွာအုပ်စုတွင် ၄၈ ဦး ၊ရေဦး ဘုန်းကြီးေ ကျာင်း တွင် ၃၀၄ အသီးသီးေ ရာက် ရှိ နေကြပါသည်။

Photo: ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်တွင် ရောက်ရှိခိုလှုံနေသော စစ်ဘေးရှောင်ကျောင်းသားလေးများအား စာမေးပွဲဖြေဆိုနိုင်ရန် ကျားငါးကောင်ဆေးတိုက်မှ ကူညီထောက်ပံ့မှုများပေးခဲ့

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
သျှမ်း/မြောက် စစ်ရှောင် ၁၀ တန်း ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်စိုးရိမ် သျှမ်း/မြောက် စစ်ရှောင် ၁၀ တန်း ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်စိုးရိမ် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.