မင်းကွန်းဆိပ်ကမ်းတွင် ဒေါက်တင်ထားသည့် ရေယာဉ် မီးလောင်


ဖေဖေါ်ဝါရီ ၄ ။

မင်းကွန်းဆိပ်ကမ်း၊ မင်းကွန်းသဘောင်္ကျင်း (ပုဂ္ဂလိ က)တွင် ဒေါက်တင်သည့် သုံးထပ်ရေ ယာဉ်တစ်စင်း သည် ဖေဖေါ်ဝါရီ ၄-ရက်၊ ညနေ၂- နာရီခွဲက ဂက်စ် အိုးနှင့်တွဲ၍ အသုံးပြုသည့် Cutter ဖြင့် လုပ်ငန်းခွင် အသုံးပြုစဉ် သဘောင်္ဦးပိုင်း-ဒုတိယ ထပ်မှ စတင် မီးလာင်ကျွမ်းကြောင်း သိရသည်။

အဆိုပါ သဘောင်္မှာ အရှည်ပေ ၁၆၀ခန့်နှင့် အကျယ် ပေ၃၀-ခန့်ရှိသည့် သုံးထပ်ခရီးသည်တင် ရေယာဉ်ဖြစ်ြ ပီး မီးလောင်မှုကြောင့် လုပ်ငန်းခွင်သုံး ဂက်စ်အိုးလည်း ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

"ပိုင်ရှင်က လေလံရပြီး ခရီးသည်ပြေးဆွဲဖို့ လိုအပ်တာ တွေ ပြင်ဆင်ရင်းကဖြစ်သွားတာလို့ ပြောရမယ်။ ဒေါက်တင်တယ်ဆိုတာက သဘောင်္တွေ လိုအပ်တာ့ ပြင်ဆင်တာ။ သံထည်တွေကို Cutter နဲ့ ဖြတ်ရာက လောင်တယ်လို့သိရတယ်။"ဟု ရေယာဉ်လုပ် ငန်း ရှင်များအသင်း(မန်း)အတွင်းရေးမှူးကပြောသည်။

ပြည်တွင်းရေကြောင်း ဦးစီးဌာနမှ ပြည်မြန်မာ-၂ ရေ ယာဉ်ကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ လုပ်ငန်းရှင် တစ်ဦးက ၀ယ်ယူ၍ မင်းကွန်းပုဂ္ဂလိက သဘောင်္ကျင်း တွင် လိုအပ်သည့် အစိပ်အပိုင်းများ ပြု ပြင်ခြင်း ဖြစ် ကြောင်းသိရသည်။

Mandalay News (facebook)

မင်းကွန်းဆိပ်ကမ်းတွင် ဒေါက်တင်ထားသည့် ရေယာဉ် မီးလောင်  မင်းကွန်းဆိပ်ကမ်းတွင် ဒေါက်တင်ထားသည့် ရေယာဉ် မီးလောင် Reviewed by THITHTOOLWIN on 06:31 Rating: 5
Powered by Blogger.