မင်းတပ်မြို့မီးလောင်မှု ရှို့မီးဖြစ်ပြီး တရားခံကိုဖမ်းဆီးရမိ


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၃) ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့စည်ပင်သာယာဈေး၊ မီးလောင် မှုဟာ ရှို့မီးဖြစ်ပြီး တရားခံကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဒီမီးလောင်ကျွမ်းမှုဟာ သားအဖချင်းစကားများကြရာကတဆင့် သားဖြစ်သူက မီးရှို့ခဲ့တာဖြစ်ပြီး ဒီရှို့မီးကြောင့် မင်းတပ်မြို့စည်ပင်သာယာဈေးမှာ ဆိုင်ခန်းပေါင်း (၆၄) ခန်းရှိရာမှာ (၃၈) ခန်း မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ပြီးထွက်ပြေးသွားတဲ့ တရားခံကို အခင်းဖြစ်ပွားတဲ့နေ့မှာပဲ ချက်ချင်း ဖမ်းဆီးအရေးယူ ထားတယ်လို့ မင်းတပ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၂) ရက်ကလည်း မင်းတပ်မြို့ ကွက်စိပ် (၅)မှာ ပေါ့ဆထင်းမီး ကြောင့် နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး ကျပ် (၆) သိန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

For Info News
https://www.facebook.com/forinfo/timeline

မင်းတပ်မြို့မီးလောင်မှု ရှို့မီးဖြစ်ပြီး တရားခံကိုဖမ်းဆီးရမိ  မင်းတပ်မြို့မီးလောင်မှု ရှို့မီးဖြစ်ပြီး တရားခံကိုဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:35 Rating: 5
Powered by Blogger.