အောင်မြင်မြို့တွင် စက်ဘီးစီးကလေးငယ် ခရီးသည်တင်ယာဉ်က ဝင်တိုက်မိပြီး သေဆုံး


 Monday, 22 February 2016

ကျောက်တံခါးမြို့နယ် အောင်မြင်မြို့အနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)မိုင်တိုင်အမှတ် ၁၂၃/၅နှင့် ၁၂၃/၆ အကြား ရွှေဝါထွန်းကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ည ၇ နာရီခွဲခန့်တွင် အောင်မြင်မြို့ဘက်မှ ပဲနွယ်ကုန်းဘက်သို့ ယာဉ်မောင်း ကိုကျင်ကောက် (ခ)မင်းလွင်ဦး(၃၃နှစ်)ပဲခူးရပ်ကွက် ကျောက်ကြီးမြို့နေသူ မောင်းနှင်လာသော 1D/ … ဟွန်ဒိုင်းဖြူ/နီကျား ခရီးသည်တင်မှန်လုံယာဉ်သည် ၄င်းယာဉ်ရှေ့မှ စက်ဘီးစီးနင်းနေသည့် မောင်ကောင်းမြတ်သူ (၁၁နှစ်) ပထမတန်းကျောင်းသား ရွှေဝါထွန်းကျေးရွာ ပဲနွယ်ကုန်းမြို့နေသူ၏ စက်ဘီးမှာ ယာဘက်ယာဉ်ကြောမှ ဘယ်ဘက်ယာဉ်ကြောသို့ ဖြတ်ကွေ့စဉ် ကားမှာ ယာဘက်ယာဉ်ကြောသို့ တိမ်းရှောင်ရာမှ ယာဉ်၏ယာဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့သဖြင့် မောင်ကောင်းမြတ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။ ယာဉ်အားပေါ့လျော့စွာမောင်းနှင်သူ ကိုကျင်ကောက်(ခ) မင်းလွင်ဦးအား အောင်မြင်မြို့နယ်မြေရဲစခန်းက ယာဉ်(ပ)၂/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃ဝ၄(က)အရ အရေးယူထား ကြောင်း သိရသည်။

မျိုးဦး(ကျောက်တံခါး)
The Union Daily
http://uniondaily.net
အောင်မြင်မြို့တွင် စက်ဘီးစီးကလေးငယ် ခရီးသည်တင်ယာဉ်က ဝင်တိုက်မိပြီး သေဆုံး  အောင်မြင်မြို့တွင် စက်ဘီးစီးကလေးငယ် ခရီးသည်တင်ယာဉ်က ဝင်တိုက်မိပြီး သေဆုံး Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.