ကြည့်မြင်တိုင်တွင် ကွန်တိန်နာယာဉ် လူနေအိမ် ဝင်တိုက်မိ


ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ် ထီးတန်းရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅ နာရီ ခန့်က ကွန်တိန်နာယာဉ်သည် ကွမ်းယာဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး တို့ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြည့်မြင်တိုင်မြို့နယ် ဘက်မှ ကမ်းနားလမ်းအတိုင်း အလုံ မြို့နယ်ဘက်သို့ ယာဉ်မောင်း သိန်းမင်းဝင်း မောင်းနှင်လာသည့် ၄ဃ/--- ကွန်တိန်နာယာဉ်သည် ထီးတန်းရပ်ကွက် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်လာသည့် ယာဉ် မောင်း ဇော်လင်းအောင်မောင်းနှင်လာ သည့် ကွန်တိန်နာယာဉ် 1C\----ကို တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းတစ်ဖက်ခြမ်းရှိ ထီးတန်း(၂) လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ နေအိမ်နှင့် ကွမ်းယာဆိုင်တို့ကို ဝင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် နေအိမ်ဝဲ ဘက်ခြမ်းနှင့် ကွမ်းယာဆိုင်တို့ ပျက်စီးခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းများအား ရန်ကုန်အနောက်ပိုင်းခရိုင် ယာဉ် ထိန်းရဲတပ်ဖွဲ့က အရေးယူထားကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကြည့်မြင်တိုင်တွင် ကွန်တိန်နာယာဉ် လူနေအိမ် ဝင်တိုက်မိ  ကြည့်မြင်တိုင်တွင် ကွန်တိန်နာယာဉ် လူနေအိမ် ဝင်တိုက်မိ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.