သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်နိုင် ဖို့ ရက်သတ်မှတ်

ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်
Photo: RFA
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် လာမယ့် မတ်လ ၁၇ ရက်နေ့မှာ အစုအဖွဲ့အစည်းအဝေးတွေ စတင်ဖို့ ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်ပါတယ်။


ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာလိုက်တာ ဖြစ်ပါ တယ်။

"သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက်၊ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ် တင်မြှောက်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ကြာသပတေးနေ့တွင် စတင်ကျင်းပပြုလုပ် ကြရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄ အရ သတ်မှတ်ကြေညာအပ်ပါတယ်"

မတ်လ ၁၇ ရက်နေ့မှာ အစုအဖွဲ့အလိုက်အစည်းအဝေးတွေ စတင်ကျင်းပမှာ ဖြစ်ပြီး  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်းတစ်ဦးစီကို ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြုရမှာ ဖြစ်ပါတယ်။


အဲဒီအဆိုပြုထားတဲ့ ၃ ဦးထဲက ၁ ဦးကို လျှို့ဝှက်မဲစနစ်နဲ့ တင်မြှောက်ရမှာ ဖြစ်ပြီး ကျန် ၂ ဦးက ဒုသမ္မတတွေ ဖြစ် လာမှာပါ။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တစ်ရက်စာ နေ့တွက်စားရိတ် တစ်ဦးစီရတဲ့ ကျပ်နှစ်သောင်းကို ရှမ်းပြည်နယ် နမ့်ဆန်နဲ့ ဧရာဝတီတိုင်း လပ္ပတ္တာမြို့တွေ မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၆၅၃ ဦးရှိတဲ့အတွက် ငွေကျပ်သိန်း ၁၃၀ ကျော်လှူဒါန်း မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်နိုင် ဖို့ ရက်သတ်မှတ်  သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်နိုင် ဖို့ ရက်သတ်မှတ် Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.