မကွေးတိုင်းဒေသကြီးတွင် ၈ တန်း စာမေးပွဲကြီးမေးခွန်း ရာနှုန်းပြည့် ပေါက်ကြား

 မကွေးတိုင်း ဒေသကြီး အဌမတန်း အတန်းတင်စာမေးပွဲ အင်္ဂလိပ်စာ စတင်ဖြေကြားသည့်နေ့မှစတင်၍ ဖေဖော်ဝါရီလ ၁၈ ရက် ပထ၀ီဘာသာဖြေကြားသည့်နေ့အထိ ရာခိုင်နှုန်းပြည့် မေးခွန်းပေါက်ကြားခဲ့သည်ဟု နတ်မောက်မြိုကနယ်မှ ကျောင်းဆရာဟောင်းတဦးဖြစ်သူ ဦးဌေးဝင်းမှ News Watch သို့ ဖေဖော်ဝါရီ ၁၈ ရက်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “အင်္ဂလိပ်စာနေ့ကတည်းက မေးခွန်းပေါက်တယ်။ အမှတ် ၁၀၀ ဖိုး လုံးဝကွက်တိပဲ။ အဲဒီလိုမေးခွန်းပေါက်လာတာ သင်္ချာနေ့ရော ဒီနေ့ ပထ၀ီဖြေမယ့်နေ့ပါ မေးခွန်းပေါက်တယ်”ဟု ပြောကြားခဲ့ပြီး မေးခွန်းပေါက်ကြားမှုသည် ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အပေးအယူလုပ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ယနေ့ ပထ၀ီဘာသာဖြေဆိုရသည့်နေ့တွင် ကျောင်းသားများ စာမေးပွဲခန်းတွင်းသို့ မ၀င်ရောက်ခင်ကတည်းက ပြင်ပတွင် ပျံ့နှံ့နေသော မေးခွန်းအစုံ (ပူးတွဲပုံပါ) ကို ဦးဌေးဝင်းမှ News Watch သို့ ကြိုတင်ပေးပို့ထားခဲ့ပြီး စာမေးပွဲခန်းမှ ထွက်လာသော ကျောင်းသားများထံမှ မေးခွန်းလွှာချင်း တိုက်ဆိုင်စစ်ဆေးကြည့်ရာ မေးခွန်း နံပါတ်မှအစ ၏/သည်မရွေ့ တူညီနေသည်ကို တွေ့ရှိခဲ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal





မကွေးတိုင်းဒေသကြီးတွင် ၈ တန်း စာမေးပွဲကြီးမေးခွန်း ရာနှုန်းပြည့် ပေါက်ကြား  မကွေးတိုင်းဒေသကြီးတွင် ၈ တန်း စာမေးပွဲကြီးမေးခွန်း ရာနှုန်းပြည့် ပေါက်ကြား Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.