ဟားမတ်စ် စစ်သွေးကြွအုပ်စုက ၄င်း၏ အကြီးတန်း အဖွဲ့ဝင် တစ်ဦးအား ကွပ်မျက် အပြစ်ပေး

အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-internet)
    ဂါဇာ ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

    အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွ အုပ်စု၏ လက်အောက်ရှိ Al-Qassam တပ်မဟာ က ဂါဇာရှိ ၄င်းတို့၏ တပ်သားများထဲမှ တစ်ဦးဖြစ်သူ Rushdi Ishteiwi အား အကျင့် စာရိတ္တ နှင့် စစ်စည်းကမ်း ချိုးဖျက်မှု တို့ကြောင့် ကွပ်မျက် အပြစ်ပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။

စစ်သွေးကြွ အုပ်စု ၏ တရား စီရင်ရေး အဖွဲ့က Rushdi Ishteiwi အား အကျင့် စာရိတ္တ၊ အပြုအမူ နှင့် စစ်စည်းကမ်းများအား ချိုးဖောက်ကျုးလွန်ခဲ့ ကြောင်း တွေ့ရှိပြီးနောက် ကွပ်မျက်ခဲ့ကြောင်းသိရသည်။

ဟားမတ်စ် အုပ်စုက ထိုသူကျုးလွန်ခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိ သော်လည်း ကာယကံရှင်က ၄င်း၏ အပြစ်များကို ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

Ishteiwi သည် ဟားမတ်စ် စစ်သွေးကြွ အုပ်စု ၌ အကြီးတန်း စစ်သွေးကြွ တစ်ဦးဖြစ်ပြီး ၄င်းအား ၂၀၁၄ ခုနှစ် နွေရာသီတွင် ဂါဇာ ကမ်းမြောင် ဒေသ၌ ပြုလုပ်ခဲ့သည့် အစ္စရေး ၏ ရက် ၅၀ ကြာ စစ်ဆင်ရေး အပြီးတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဟားမတ်စ် စစ်သွေးကြွအုပ်စုက ၄င်း၏ အကြီးတန်း အဖွဲ့ဝင် တစ်ဦးအား ကွပ်မျက် အပြစ်ပေး ဟားမတ်စ် စစ်သွေးကြွအုပ်စုက ၄င်း၏ အကြီးတန်း အဖွဲ့ဝင် တစ်ဦးအား ကွပ်မျက် အပြစ်ပေး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.