တစ်နိုင်ငံလုံး၌ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုတစ်ထောင်ကျော်ဖြစ်ပွားပြီး လူလေးရာကျော်သေဆုံး


၂ဝ၁၆ ခုနှစ် ဇန်နဝါရီတစ်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက် မှုပေါင်း ၁၃၃၄မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူပေါင်း ၄၁၆ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုအဖြစ်ပွားဆုံးတွင် ရန်ကုန်တိုင်းဒေသကြီးက အမှု ၂၂ဝ အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၈ ဦးအထိရှိကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ယာဉ်တိုက်မှု ၁၆၁ မှုအထိရှိပြီး သေဆုံးသူ ၆၃ ဦးဖြင့် ဧရာဝတီတိုင်းဒေသကြီးက သေဆုံးသူအများဆုံးဖြစ်ပေါ်နေကာ ၄င်း နောက်တွင် ပဲခူးတိုင်းဒေသကြီးက ယာဉ်တိုက်မှု ၁၉၄ မှုနှင့် သေဆုံး သူ ၄၇ ဦးအထိရှိလာခြင်းလည်း ဖြစ်သည်။

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှုတို့တွင် ကာယားပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် သေဆုံးသူငါးဦးရှိနေပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် သေဆုံးမှုအနည်းဆုံးဖြစ်သည်။

မောင်ပြည်ခိုင်
The Union Daily
http://uniondaily.net
တစ်နိုင်ငံလုံး၌ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုတစ်ထောင်ကျော်ဖြစ်ပွားပြီး လူလေးရာကျော်သေဆုံး  တစ်နိုင်ငံလုံး၌ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုတစ်ထောင်ကျော်ဖြစ်ပွားပြီး လူလေးရာကျော်သေဆုံး Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.