ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား


ဇလွန် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရိုးကြီးကျေးရွာနေ အောင်ဇော်ချစ် (ဘ) ဦးမြင့်စိုး၏ နေအိမ်နောက်ရှိ မီးဖို မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုတွင် လူများထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဇလွန် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား  ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.