ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်


ကျောက်တံခါး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းအပိုင် အမြန်လမ်းမိုင်တိုင်အမှတ် ၈၇/၂ ဖာလုံအနီး တွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော 3I/---- Alphart အမျိုးအစားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကို ဖြတ်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ထွန်းထွန်းဦးနှင့် မြို့ချောင်း အမြန်လမ်းမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးဦးဇော်ရဲနိုင်နှင့် အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ယာဉ်ပေါ်နှင့် အနီးပတ်ဝန်းကျင် တွင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရဘဲ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်  ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက် Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.