စစ်တွေမြို့တွင် နဝမတန်း ဒုတိယနှစ်ဝက် စာမေးပွဲမေးခွန်းများ ပေါက်ကြားသည်ဟု သံသယကြောင့် စာမေးပွဲချိန် ပြောင်းလဲစစ်ဆေးခဲ့ရ


စစ်တွေ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နဝမတန်းဒုတိယနှစ်ဝက်စာမေးပွဲစစ်ဆေးခြင်းကို ယခုလ ၂၂ ရက်မှ စတင်စစ်ဆေးလျက်ရှိရာ ဖြေဆိုရမည့်ဘာသာရပ်အချို့၏ မေးခွန်းများသည် လူမှုကွန်ရက်ဖြစ်သော Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့ပေါက်ကြားခဲ့မှုကြောင့် နဝမတန်း ဒုတိယနှစ်ဝက်စာမေးပွဲ နောက်ဆုံးဖြေဆိုရမည့် ဘာသာရပ်အတွက် ပုံမှန်ဖြေဆိုရမည့်အချိန် နံနက် ၉ နာရီအစား မွန်းလွဲ ၁ နာရီသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ရ ကြောင်းသိရသည်။

Facebook စာမျက်နှာပေါ်မှာ စစ်တွေမြို့က နဝမတန်းစာမေးပွဲမေးခွန်းတွေ ကြိုတင်ပေါက်ကြားနေတယ် ဆိုလို့ အခုလိုအချိန်ပြောင်းစစ်ဆေးတာပါ။ ပေါက်ကြားနေတဲ့မေးခွန်းဟာ မေးခွန်းအစစ်ဟုတ် မဟုတ် သေချာ စစ်ဆေးရမှာပါ။လောလောဆယ်မှာ အခုလို မေးခွန်းပေါက်ကြားမှုဖြစ်ခဲ့တယ်ဆိုရင် အရန်မေးခွန်းတွေကို ကြိုတင်စီစဉ်ထားရှိပါတယ်။ အဲ့ဒီအရန်မေးခွန်းကိုပဲ ကျောင်းသား ကျောင်းသူတွေ မွန်းလွဲ ၁ နာရီမှာ ဖြေဆိုကြရမှာပါ''ဟု စစ်တွေမြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

 အဆိုပါ မေးခွန်းပေါက်ကြားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာ မှန်ကန်ပါက မေးခွန်းပေါက်ကြားသောနေရာမှ တာဝန်ရှိသူတွေ ကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ၄င်းကဆက်ပြောသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် စစ်တွေမြို့၌ နဝမတန်းစာမေး ပွဲဖြေဆိုသူကျောင်းသားကျောင်းသူ ၂၄ဝဝ ကျော်ရှိကြောင်းသိရသည်။နဝမတန်းအခန်းဆုံးစာမေးပွဲမေးခွန်းကို မြို့နယ်အဆင့်မေးခွန်း တစ်စုံစီ ပြုလုပ်ပြီး ဖြေဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

လဝန်း
The Union Daily
http://uniondaily.net/
စစ်တွေမြို့တွင် နဝမတန်း ဒုတိယနှစ်ဝက် စာမေးပွဲမေးခွန်းများ ပေါက်ကြားသည်ဟု သံသယကြောင့် စာမေးပွဲချိန် ပြောင်းလဲစစ်ဆေးခဲ့ရ  စစ်တွေမြို့တွင် နဝမတန်း ဒုတိယနှစ်ဝက် စာမေးပွဲမေးခွန်းများ ပေါက်ကြားသည်ဟု သံသယကြောင့် စာမေးပွဲချိန် ပြောင်းလဲစစ်ဆေးခဲ့ရ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.