တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက်


ဒေါ်ခင်စန်းလှိုင် အရေးကြီး အဆိုတင်သွင်းတဲ့ နိုင်ငံပိုင် စီမံကိန်းတွေကိစ္စ အရေးကြီး အဆိုကို ဒီကနေ့ ဆက်လက်ဆွေးနွေးရာမှာ မကွေးတိုင်း စေတတ္တုရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

အဲဒီမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စပါလာတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ဆွေးနွေးကြပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်မပြီးခင် ဥက္ကဌ ဦးဝင်းမြင့်က အဆုံးသတ်ခဲ့ပြီး ကြေးနီစီမံကိန်းကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တဲ့ ဦးကျော်အောင်လွင်ကိုလည်း အဆိုနဲ့ပတ်သက်ပြီးတော့သာ ဆွေးနွေးဖို့ ဥက္ကဌက သတိပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက်   တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.