အင်တာနက်မှာရေပန်းစားနေသော ဘိက္ခုနီကဲ့သို့ဆွမ်းခံကြွ


ယနေ့ အင်တာနက်ပေါ်မှာရေပန်းစားနေတဲ့ ဓါတ်ပုံတွေကတော့ ထိုင်းနိုင်ငံတောင်ပိုင်းဆုန်ခလာခရိုင်မှာ ရဟန်းသမဏေတွေလိုဆွမ်းခံထွက်နေတဲ့ ရဟန်းပျိုမေများပုံပဲဖြစ်ပါတယ်။

 အမျိုးသားဗုဒ္ဓသာသနာပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ ၏ facebook စာမျက်နှာပေါ်တွင် အမျိုးသားကြီးတစ်ဦးမှ အရောင်ရင့်ရင့်သင်္ကန်းကိုဝတ်ဆင်၍ှဆွမ်းခံထွက်နေသော အမျိုးသမီး ၆ ဦး ၇ဦးခန့် လောက်အားဆွမ်းလောင်းနေသောပုံကို ဝေဖန်ထားသော comment များအများအပြားပေးကြပြီး အချို့ သော comment များမှာ ဒါကိုဘယ်လိုခေါ်လဲ ရဟန်းမလဲမဟုတ် ဘုန်းကြီးလည်းမဟုတ် ၀တ်စားဆင်ရင်ပုံကဘိက္ခုနီမနှင့်တူပြီး ဘုန်းတော်ကြီးတွေလိုဆွမ်းခံထွက်တယ်ဆိုပြီးတော့ရေးထားကြပါတယ်။

 အချို့ ကျတော့လည်း သူတို့ကိုသူတို့ ဘိက္ခုနီလို့ မပြောရင် ကိုယ်တွေကသွားပြီးအပြစ်တင်လို့ မရကြောင်း ဘာဖြစ်လို့ လဲဆိုတော့ ကျွန်ုပ်တို့ ထိုင်းနိုင်ငံဟာ သာသနာကိုလွှတ်လပ်စွာကိုးကွယ်ခွင့်ပေးထားလို့ ဖြစ်ပါတယ်။

အမှန်တကယ် ဘိက္ခုနီဖြစ်တယ်ဆိုပါက မသင့်တော်ကြောင်း သာသနာအားညိုးနွမ်းစေတယ်လို့ ထင်မြင်ချက်တွေပေးကြပါတယ်။ အချို့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ထင်မြင်ချက်အရ ဆုံခလာခရိုင်ဂေါ့ယော် เกาะยอ ကျွန်းမှာရှိတဲ့ဘိက္ခုနီအဖွဲ့ ဖြစ်နိုင်ကြောင်းထင်မြင်ချက်အမျိုးမျိုးပေးကြပါတယ်။

MTF Channel
https://www.facebook.com/mtftv/
အင်တာနက်မှာရေပန်းစားနေသော ဘိက္ခုနီကဲ့သို့ဆွမ်းခံကြွ  အင်တာနက်မှာရေပန်းစားနေသော ဘိက္ခုနီကဲ့သို့ဆွမ်းခံကြွ Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.