အိမ်အကူ မိန်းကလေးကိုနှိပ်စက်တဲ့ မော်ဒယ်သီရိကိုကိုနိုင် ခင်ပွန်းကို ထောင်သုံးနှစ်ချ


ရန်ကုန် -ဖေဖော်ဝါရီ ၂၆-၂၀၁၆

မော်ဒယ်လ် သီရိကိုကိုနိုင်နေအိမ်မှ အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်း ကလေးနှိပ်စက်ခံရမှုအတွက်တရားစွဲခံထားရသည့် ကိုကြည်လှမြင့် ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး မှ အလုပ်ကြမ်းနှင့်
ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ကြောင်းသိရသည် ။

ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်အတွင်းနေထိုင်သည့် အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့်မသီရိကိုကိုနိုင်သည် ၄င်းတို့နေအိမ်မှ အိမ်အကူမိန်းကလေးကို ဆီပူအိုးထဲလက်နှစ်ခြင်း ၊ထမင်းမကျွေးဘဲ အခန်းတွင်းပိတ်လှောင်ထားခြင်း ၊ ရိုက်နှက်နှိပ်စက်ခြင်းတို့ကြောင့်၂၀၁၄ခုနှစ်အတွင်းတရားစွဲခံထားရခြင်းဖြစ်ပြီး သီရိကိုကိုနိုင်မှာ ယနေ့တိုင် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည် ။


ကိုကြည်လှမြင့်ကို အပြင်အထန်နာကျင်စေမှုပုဒ်မ ၃၂၆ နှင့် အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီးသီရိကိုကိုနိုင်ကိုမှု ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှသိရသည် ။

ရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်းအာဏာပိုင်အရာရှိ (ရေ၀န်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင်အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်းမကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေခဲ့တာပါ။

ဆုလာဘ် ၊ခေတ်သစ်
The Ladies Journal
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အိမ်အကူ မိန်းကလေးကိုနှိပ်စက်တဲ့ မော်ဒယ်သီရိကိုကိုနိုင် ခင်ပွန်းကို ထောင်သုံးနှစ်ချ  အိမ်အကူ မိန်းကလေးကိုနှိပ်စက်တဲ့ မော်ဒယ်သီရိကိုကိုနိုင် ခင်ပွန်းကို ထောင်သုံးနှစ်ချ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.