ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုဖြစ်ပွား


ဗန်ကောက် ဖေဖော်ဝါရီ ၂

ထိုင်းကျန်းမာရေးတာဝန်ရှိသူများက ထိုင်းနိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုတစ်ခုဖြစ်ပွားကြောင်း အတည်ပြု ပြောကြားသည်။ အသက် (၂၂) နှစ်ရှိအမျိုးသားတစ်ဦးကို ခြင်မှ တစ်ဆင့် ကူးစက်ပြန့်ပွားသည့် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရ ကြောင်း ထိုင်းကျန်းမာရေးတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဖျားဝေဒနာနှင့် အခြားသော ရောဂါလက္ခဏာများခံစားရ သည့်အတွက် အဆိုပါအမျိုးသားသည် ဗန်ကောက်မြို့ရှိ ဆေးရုံ တစ်ရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး အခြေအနေကောင်းမွန်လာသည့် အခါ နောက်နှစ်ရက်တွင် ဆေးရုံမှဆင်းခဲ့သည်ဟု သိရသည်။

ကျန်းမာရေးတာဝန်ရှိသူများက အဆိုပါအမျိုးသားတွင် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း ဖေဖော်ဝါရီ ၁ ရက် တွင် ပြောကြားပြီး ၄င်း၏အခြေအနေကို သီတင်းတစ်ပတ်ကြာ စောင့်ကြည့်လေ့လာသွားမည်ဟု ဆိုသည်။

အဆိုပါအမျိုးသားသည် မကြာသေးမီကာလများအတွင်း ပြည်ပသို့သွားရောက်ခဲ့ခြင်းမရှိသည့်အတွက် ဇီကာဗိုင်းရပ်စ်ပိုးကို ထိုင်းနိုင်ငံတွင်း၌ပင် ကူးစက်ခံရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဇန်နဝါရီ ၁ဝ ရက်တွင်လည်း ထိုင်းအမျိုးသားတစ်ဦးတွင် ဇီကာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ထိုင်ဝမ်သို့ရောက်ရှိ လာစဉ် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီး တိုင်ပေတွင် ဆေးကုသမှုခံယူခဲ့ရသည်။ ဇီကာဗိုင်းရပ်စ်ပိုးကူးစက် ခံရမှုမှာ ထိုင်းနိုင်ငံတွင် နှစ်စဉ်လိုလိုဖြစ်ပွားလျက်ရှိသည်။

ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း ခြင်ခိုအောင်းရာနေရာများ ရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ထို့ပြင် အဖျားဝေဒနာနှင့် အခြားသော ရောဂါလက္ခဏာ များခံစားရသည့်အတွက် ဆေးရုံများသို့ ရောက်ရှိလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။

ဇီကာဗိုင်းရပ်စ်ပိုးသည် ယခုလောလောဆယ်တောင် အမေရိကတိုက်တွင် အများအပြားကူးစက်ဖြစ်ပွားလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားနိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတကာလူထုကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုဖြစ်ပွား  ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:17 Rating: 5
Powered by Blogger.