သံတွဲမြို့၌ မီးလောင်မှုဖြစ်ပွား


သံတွဲ ဖေဖော်ဝါရီ ၂၆

သံတွဲမြို့အမှတ် (၇) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းရှိသံတွဲ နှစ်ခြင်းအ သင်းတော် (Thantwe BAPTIST CHURCH) ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွင် ဖေဖော်ဝါရီ (၂၆) ရက်နေ့ ညနေ (၃)နာရီ မိနစ် (၃၀) အချိန် တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူး ဦးမင်းဟန်၊ မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်၍ မီးသတ်ယာဉ် (၄) စီး ၊ ဌာနဆိုင်ရာရေသယ်ယာဉ် (၂) စီး ၊ ပုဂ္ဂလိက ရေသယ်ယာဉ် (၂) စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦးနှင့် ပြည်သူများ ပူးပေါင်းမီးငြိမ်းသတ်ရာ ညနေ (၄) နာရီအချိန်တွင် မီးညွန့်ကျိုးပြီး ညနေ (၄) နာရီခွဲအချိန်တွင်မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိသည်။

မီးလောင်ကျွမ်းမှုကြောင့် ဘုရားကျောင်း အဆောက်အဦအလျား (၇၅) ပေ ၊ အနံ (၃၅) ပေအမြင့် (၂၅) ပေရှိပျဉ်ခင်း ၊ ပျဉ်ကာ ၊ သွပ်မိုးအဆောက်အဦ (၁) လုံးမီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်မှာ ဒါးမိန်းမှ ဝါယာလျော့ဖြစ် ၍ လောင်ကျွမ်းခြင်းဖြစ်ပြီး မီးပေါ့ဆစွာအသုံးပြုသည့် ခရစ်ယာန် ဘုရားရှိ ခိုးကျောင်း သင်းအုပ် ဆရာဦးဟန်မြင့် (၅၂) နှစ် ၊ (အဘ) ဦးမောင်သိန်းအား သံတွဲမြို့မရဲစခန်း (ပ) ၁၃၇/၂၀၁၆ ပြစ်မှုပုဒ်မ (၂၈၅) အရအမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

သံတွဲ (ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သံတွဲမြို့၌ မီးလောင်မှုဖြစ်ပွား  သံတွဲမြို့၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.