ကလေးမြို့လမ်းဆုံအနီး သုံးထပ်တိုက် အဆောက်အဦသစ်၏ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွား ၂ ဦးသေဆုံး


 ကလေးမြို့လမ်းဆုံအနီး သုံးထပ်တိုက် အဆောက်အဦသစ်၏ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွား

ကလေး ဖေဖ၀ါရီ ၂၉

ကလေးမြို့ လမ်းဆုံအရှေ့ဘက် ဗိုလ်ချုပ်လမ်းမဘေးရှိ ပေါ်ဦး ဘိနပ် ဆိုင်နှင့် နေခြည်ဦး အထည် ဘိနပ်နှင့် အားကစား ပစ္စည်းရောင်းဝယ်ရေး ဆိုင်ကြား ရှိဆောက် လုပ်ဆဲ သုံးထပ်တိုက် ဧကရီဘိနပ်ဆိုင်၏ Steel Structure အဖီထုတ်လသာဆောင် ခန့်မှန်း အလျား ၂၀ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေ သံကူကွန်ကရစ် လောင်း သည့် နေရာကို ဖေဖ၀ါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ပြိုကျ မှု ဖြစ်ပွား ခဲ့သည်။

ယင်းသုံးထပ်တိုက်၏ အဖီ လသာဆောင် ပြိုကျမှုတွင် အိမ်ပိုင်ရှင် ဦးဌေးအောင်နှင့် တူဖြစ်သူ ဦးစည်သူ တို့ သည် အဖီ လသာဆောင်ပြိုကျ သည့် နေရာတွင်ပိကျကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ကာ ကလေးမြို့ ပြည့်သူ့ ဆေးရုံသို့ အချိန်မီ ပို့ခဲ့ကြသော် လည်း ပြည့်သူ့ဆေးရုံကြီး တွင် နှစ်ဦးစလုံး အသက်ဆုံးရှုံး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွားခြင်း စက်မှု လယ်ယာဦးစီး ဌာန ၏ မြေကော်စက်နှစ်စီး၊ မီးသတ်ကား နှစ်စီးနှင့် မီးသတ် တပ်ဖွဲ့ဝင် များ၊ ပြည့်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက် နေပြည် သူများ က ကလေး ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့်မြို့နယ် ဖွံ့ဖြိုး တိုးတက် မှုအထောက်အကူပြု ကော်မတီ ၀င်များ၏စီမံ ကွပ်ကဲမှုဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန် နှင့်တပြေးညီဆောင်ရွက် လျက် ရှိကြ သည်။

ကလေးမြို့လမ်းဆုံတွင် ပြည်သူများ သွားလာရေး ပြန်လည် အစဉ်ပြေချောမွေ့ စေရေး အတွက် လည်း မြို့နယ်စည် ပင် သာယာရေး ကော်မတီနှင့်ပြည့် သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်းဦးစီး ဌာန တို့၏ မြေသယ် မော်တော် ယာဉ် များ ကို အသုံးပြုလျက် အဖီလ သာဆောင်ပြိုကျ မှု ရှင်းလင်းခြင်း လုပ်ငန်းများ ကိုဆောင်ရွက် ကြကြောင်း သိရ သည်။

(ကလေးမြို့-ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကလေးမြို့လမ်းဆုံအနီး သုံးထပ်တိုက် အဆောက်အဦသစ်၏ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွား ၂ ဦးသေဆုံး  ကလေးမြို့လမ်းဆုံအနီး သုံးထပ်တိုက် အဆောက်အဦသစ်၏ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.