နေပြည်တော်တွင် တပ်မတော်လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ ၄ ဦးသေ


တပ်မတော်လေ့ကျင့်ရေးလေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်အနီးတွင် လေယာဉ်ပျက်ကျ

တပ်မတော်ပိုင် Beechcraft 1900 မျိုးအစား တပ်မတော်လေမှ4601 လေယာဉ် လေ့ကျင့်ပျံသန်း စဉ် နေပြည်တော် လယ်းဝေးမြို့ နယ် ကြံခင်းရွာမြောက်ဖက် ၁ မိုင်အကွာသဲကောကျေးရွာအနီး တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်ပေါ်လိုက်ပါ လာသူ ၅ ဦးအနက် ၄ ဦးသေဆုံးကြောင်း၊ တစ်ဦးကို ဒဏ်ရာများဖြင့် ကယ်ထုတ်ထားကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် The Ladies News မှ သတင်းထောက်ကပြောသည်။

သတင်း - ကိုပေါက်
ဓါတ်ပုံ - ချစ်ကိုကို
The Ladies News Journal
https://www.facebook.com/News.TheLadies
နေပြည်တော်တွင် တပ်မတော်လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ ၄ ဦးသေ နေပြည်တော်တွင် တပ်မတော်လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ ၄ ဦးသေ Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.