သန္ဓေသားလောင်း မျိုးဗီဇ ပြုပြင်ဖို့ ယူကေ ခွင့်ပြု


ယူကေ နိုင်ငံမှာ သိပ္ပံပညာရှင်တွေ အနေနဲ့ လူ့ သန္ဓေသားလောင်း တွေအပေါ် မျိုးဗီဇ ပြုပြင် နိုင်ခွင့်ကို အာဏာပိုင်တွေက ခွင့်ပြု ပေးလိုက်ပါတယ်။

ဒါဟာ လူ့ သန္ဓေသားလောင်း တွေရဲ့ ဒီအင်န်အေ မျိုးဗီဇကို ပြုပြင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ယူကေ အစိုးရက ပထမဆုံး စဉ်းစား ခဲ့တာ ဖြစ်ပြီး အခု အဲဒီလို လုပ်ခွင့်ကို တရားဝင် ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို သန္ဓေသားလောင်း တွေအပေါ် မျိုးဗီဇ ပြုပြင်မှုကို လန်ဒန်မှာ ရှိတဲ့ Francis Crick Institute မှာ ပြုလုပ်မယ့် သုတေသနမှာ အသုံးပြု သွားမှာ ဖြစ်ပြီး၊ လူ့သန္ဓေသား စတင် ဖြစ်ပေါ်တဲ့ အစောဆုံး အဆင့်တွေကို ပိုမို နားလည်ဖို့ လေ့လာ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေ အနေနဲ့ မျိုးဗီဇ ပြုပြင်ထားတဲ့ သန္ဓေသားလောင်း တွေကို မိခင် ဝမ်းဗိုက်ထဲကိုတော့ ထည့်ပေးခွင့် မရှိဘဲ ဥပဒေက တားမြစ် ထားပါတယ်။

ဒါပေမယ့် ဒီပညာရပ် နယ်ပယ်ဟာ အနာဂတ်မှာ စိတ်တိုင်းကျ ပုံစံထုတ် ထားတဲ့ ဒီဇိုင်နာ ကလေးငယ်တွေ ပေါ်ပေါက်လာဖို့ လမ်းစ ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကို ပေါ်ပေါက် လာစေပါတယ်။

ပြီးခဲ့တဲ့ နှစ်က တရုတ် သိပ္ပံပညာရှင် တွေက သွေးနဲ့ဆိုင်တဲ့ ရောဂါ တစ်ခုကို တားဆီးဖို့ လူ့ သန္ဓေသားလောင်း တွေကို မျိုးဗီဇ ပြုပြင် ခဲ့တယ်လို့ ပထမဆုံး ကြေညာ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
သန္ဓေသားလောင်း မျိုးဗီဇ ပြုပြင်ဖို့ ယူကေ ခွင့်ပြု  သန္ဓေသားလောင်း မျိုးဗီဇ ပြုပြင်ဖို့ ယူကေ ခွင့်ပြု Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.