အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါပိုးများ ပေါ်တတ်သည်ဟု ဆို


အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါပိုးများ ပေါ်တတ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ဖေစ့်ဘုတ် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁ ရက်က ရေးသားခဲ့သည်။

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ် အားကောင်းသည့် နှစ်များတွင် ကျန်းမာရေးဆိုးဝါးမှုများ ဖြစ်သည်ကို သတိထားမိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ဖေစ့်ဘုတ်ပေါ်တွင် သတိပေး ရေးသားခဲ့ပြီး ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ သေဆုံးစေခဲ့သည့် H1N1 ဖျားနာကူးစက် ရောဂါပိုးသည် ၁၉၁၈ မှ ၁၉၂၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့ပြီး ယင်းအချိန်က အားကောင်းသည့် အယ်လ်နီညို ဖြစ်ခဲ့သကဲ့သို့ ၂၀၁၅-၂၀၁၆ ခုနှစ်သည်လည်း အားကောင်းသည့် အယ်လ်နီညိုနှစ် ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

အယ်လ်နီညို ရာသီဥတုကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ် အဆိုးဝါးဆုံး ခံစားနေရသည့် ဘရာဇီးလ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် VIKA virus အစပြု ပေါက်ဖွားခဲ့ပြီး၊ ဇီကာဗိုင်းရပ်စ် ပိုးကူးစက်မှုသည် အမေရိကတိုက် နိုင်ငံပေါင်း နှစ်ဆယ်ကျော်အတွင်း ပျံ့နှံ့ခဲ့ရာ ယခုအခါ ကမ္ဘာ့အခြားတိုက်ကြီးများသို့ပါ ကူးစက်မည့် အလားအလာ ရှိနေကာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာလိုက်သည်။

အရွယ်မရောက်သေးသော ကလေးသူငယ်များတွင် ZIKA virus ကြောင့် ဦးခေါင်းသေးရောဂါ (Microcephaly) ခံစားကြရပြီး အသက်သေဆုံးကြရကြောင်း တွေ့ရှိရသည်ဟုလည်း WHO က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံတွင် ZIKA virus ကူးစက်မှုကို လူပေါင်း ၄၄၀, ၀၀၀ မှ ၁, ၃၀၀, ၀၀၀ ခန့်အထိ ခံစားနေကြောင်း WHO က ခန့်မှန်းထားပြီး ၊ ၂၀၁၅-၁၆ ခုနှစ်များဟာ အားကောင်းသည့် အယ်လ်နီညိုနှစ်များ ဖြစ်၍ အယ်လ်နီညိုကြောင့် ZIKA virus စတင်ဖြစ်ပွားသော Brazil မှာ ပူပြင်းခြောက်သွေ့မှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါပိုးများ ပေါ်တတ်သည်ဟု ဆို  အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါပိုးများ ပေါ်တတ်သည်ဟု ဆို Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.