မီးရထားသံလမ်းပေါ် အရက်မူးပြီးအိပ်နေသူ ရထားကြိတ်သေဆုံး


 Monday, 22 February 2016

တိုက်ကြီးမြို့နယ် တာခွကျေးရွာအုပ်စု ပိတောက်တန်းကျေးရွာ ရထားမိုင်တိုင်အမှတ် ၃၈/၉အနီး၌ မီးရထားသံလမ်းပေါ်၌ ယနေ့ နံနက် ၆ နာရီခွဲက လူတစ်ဦးရထားတိုက်၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ် ပိတောက်တန်းကျေးရွာအုပ်စုနေ မောင်ဝေလင်းထွန်း(၂၈နှစ်) (ဘ) ဦးစောမင်းသည် အရက်မူးပြီး ရန်ကုန်-ပြည်ရထားသံလမ်းပေါ်၌ အိပ်နေသဖြင့် တိုက်ကြီးဘူတာမှ ထွက်လာသော အစုန်အမှတ်(၇ဝ) သာရဝေါ-ကြည့်မြင်တိုင် ယမန်နေ့ ည၉နာရီရထားနှင့် တိုက်ကြီးဘူတာမှ ယနေ့နံနက် ၅ နာရီ မိနစ် ၅ဝ ခန့် ကထွက်လာသည့် အစုန်ပြည်-ရန်ကုန်ရထားနှစ်စင်းတို့မှ မည်သည့် ရထားနှင့် တိုက်မိမှန်းမသိဘဲ သေဆုံးနေကြောင်း သိရသည်။

အဆိုပါရထားတိုက်ခံရသူမှာ ညာဘက်လက်တံတောင်ဆစ်လက် အောက်ပြတ်၊ ခြေကျင်းဝတ်ပြတ်၊ ဝဲခြေထောက်များပြတ်၊ မေးရိုး ကျိုး၊ နဖူးကွဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် တိုက်ကြီးမြို့မ ရဲစခန်းတာဝန်ကျ ရဲအုပ်မင်းအောင်၊ မီးရထားရုံပိုင်ဦးစိုးလှ၊ နယ်ထိန်းတပ်ကြပ်ကြီးထွန်းတင်တို့နှင့်အတူ စစ်ဆေး၍ တိုက်ကြီး ဆေးရုံသို့ပို့၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေး ရန် ပေးပို့ခဲ့ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
http://uniondaily.net
မီးရထားသံလမ်းပေါ် အရက်မူးပြီးအိပ်နေသူ ရထားကြိတ်သေဆုံး  မီးရထားသံလမ်းပေါ် အရက်မူးပြီးအိပ်နေသူ ရထားကြိတ်သေဆုံး Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.