နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ အစိုးရသတ်မှတ်နှုန်းထက် အဆမတန် ဈေးတင်ရောင်းချ


နေပြည်တော်ကောင်စီနယ်မြေရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ထားသော စက်သုံးဆီဈေးထက် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုများရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့သူ ကားသမားတဦးက ပြောသည်။


`ရန်ကုန်ဆီဆိုင်တွေမှာ တဆိုင်နဲ့တဆိုင် ဈေးကွာတယ်ဆိုရင် ၁ လီတာကို တစ်ဆယ်၊ နှစ်ဆယ်ပဲကွာတယ်။ ရန်ကုန်မှာ Premium ဒီဇယ် ၁ လီတာကို ၅၁၀ ကျပ်နဲ့ ဆီထည့်ပြီး နေပြည်တော်ရောက်တော့ Premium ဒီဇယ် ၉ ဂါလံထပ်ထည့်တာ ၁ လီတာကို ကျပ် ၆၅၀ ဆိုတော့ မှားနေတယ်ထင်ပြီး ပြန်မေးတော့ ဒီဈေးပဲလို့ ပြောတယ်။ ဆီဆိုင်က မြ၀တီစက်သုံးဆီအရောင်း ဆိုင်ပါ`လို့ ပြောသည်။


ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းမကျဆင်းခြင်းအတွက် စွမ်းအင်ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက တရားဝင် ထုတ်ပြန်ထားသော်လည်း တိုင်ကြားမှုများကို အရေးယူခြင်းရှိ၊ မရှိကို သေချာစွာ မသိဟု ကားသမားအများစုက ဆိုကြသည်။

`တိုင်လို့ရပါတယ်။ သေချာရင် စွမ်းအင်ဝန်ကြီးဌာနက တလတကြိမ် စိစစ်ပြီး အရေးယူမယ်လို့ ပြောပါတယ်`ဟု မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ အစိုးရသတ်မှတ်နှုန်းထက် အဆမတန် ဈေးတင်ရောင်းချ  နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ အစိုးရသတ်မှတ်နှုန်းထက် အဆမတန် ဈေးတင်ရောင်းချ Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.