ဆောမြို့နယ် သီးကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ဆော ဖေဖော်ဝါရီ ၂၁

ဂန့်ဂေါခရိုင် ဆောမြို့နယ် သီးကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် က မီးဖို မီးကြွင်း မီးကျန်မှတစ်ဆင့် နံရံထရံသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ လူနေအိမ် ၁၀ လုံး မီးလောင်ကျွမ်း သွားကြောင်းနှင့် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးညွန့် ကျိုးသွားကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ အဆိုပါကျေးရွာ ပျဉ်ခင်း၊ ထရံကာ၊ သက်ကယ်မိုး၊ လေးပင် ပတ်လည်ရှိ ဦးသီးဝင်း၏ နေအိမ် မီးကြွင်းမီးကျန်မှ မီးစတင် လောင် ကျွမ်းခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနမှ မီးသတ်ကား ၃ စီးနှင့် တာဝန်ရှိသူများ ရောက်ရှိလာကြ ပြီး ကျေးရွာနေ ပြည်သူများနှင့် အတူ မီးငြှိမ်းသတ်ခဲ့သည်။ မီးလောင်ကျွမ်း မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိဟု သတင်း ရရှိသည်။


(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆောမြို့နယ် သီးကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  ဆောမြို့နယ် သီးကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.