အလက်ပိုမြို့နှင့် ဆက်သွယ်သည့် ဆီးရီးယား အစိုးရတပ်၏ တစ်ခုတည်းသော လမ်းကြောင်းအား အိုင်အက်စ် သေနတ်သမားများ ဖြတ်တောက်


စစ်ဒဏ်ကြောင့် ပျက်စီးနေသော အလက်ပိုမြို့ တစ်နေရာ၏ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
    ဒမားစကက်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

    ဆီးရီးယား အစိုးရတပ်အား နိုင်ငံ မြောက်ပိုင်းရှိ အလက်ပိုမြို့နှင့် ဆက်သွယ်သည့် တစ်ခုတည်းသော လမ်းကြောင်းအား အစ္စလာမ်မစ် စတိတ် (Islamic State) က ဖြတ်တောက်လိုက်ကြောင်း Pan-Arab al-Mayadeen TV က သတင်း တင်ပြထားသည်။

အကြမ်းဖက် အဖွဲ့က အလက်ပိုမြို့နှင့် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ နေရာ သုံးခုအား ညတွင်းချင်း သိမ်းပိုက်ခဲ့သည်။ အဆိုပါ လမ်းကြောင်းမှာ အစိုးရတပ်က အလက်ပိုမြို့နှင့် ဆက်သွယ်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည့်အတွက် ပြန်လည် ဖွင့်နိုင်ရန် ကြိုးစားလျက်ရှိပြီး အလက်ပိုမြို့ အရှေ့ပိုင်းရှိ စစ်ကူများလည်း စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

တစ်ချိန်က စီးပွားရေး အချက်အချာနှင့် နိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်ခဲ့သည့် အလက်ပို၏ အရှေ့ပိုင်း ကျေးလက်ဒေသ တွင်လည်း အစိုးရ တပ်က ဆန့်ကျင်သူများအား ဆက်လက် နှိမ်နင်း နေခြင်း ဖြစ်သည်။

ထိုသို့ အလက်ပိုနှင့် ဆက်သွယ်သည့် လမ်းမအား ဖြတ်တောက်ခြင်း မတိုင်မီ ရက်အနည်းငယ်ကလည်း  ဟုမ်းစ် မြို့နှင့် ဒမားစကက် မြို့များ၌ လူ ၁၅၀ ကျော်သေဆုံးခဲ့သည့် ဗုံးဖောက်ခွဲမှုများကို IS က လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အလက်ပိုမြို့နှင့် ဆက်သွယ်သည့် ဆီးရီးယား အစိုးရတပ်၏ တစ်ခုတည်းသော လမ်းကြောင်းအား အိုင်အက်စ် သေနတ်သမားများ ဖြတ်တောက်  အလက်ပိုမြို့နှင့် ဆက်သွယ်သည့် ဆီးရီးယား အစိုးရတပ်၏ တစ်ခုတည်းသော လမ်းကြောင်းအား အိုင်အက်စ် သေနတ်သမားများ ဖြတ်တောက် Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.