အီရတ်စစ်ဘက် ရဟတ်ယာဉ် ပျက်ကျရာ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး


ဘဂ္ဂဒက် ၊ ၁၇-၂-၂၀၁၆

အီရတ် စစ်ဘက် ရဟတ်ယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၁၆ ရက်က ပျံသန်းမှုတစ်ခု လုပ်ဆောင်စဉ် နည်းပညာ ချွတ်ယွင်းချက် ကြောင့် ပျက်ကျခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါသူ တပ်ဖွဲ့ဝင် ကိုးဦးလုံး သေဆုံး ခဲ့ကြောင်း စစ်ဘက် ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ် သည် ကွတ် ပြည်နယ် တောင်ပိုင်း အနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ လေသူရဲနှစ်ဦး နှင့်အရာရှိ ခုနစ်ဦးတို့ လိုက်ပါ သွားကြောင်း ပူးတွဲ စစ်ဆင်ရေးများ ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ယာဟိုင်ယာရာ ဆူးလ် က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
အီရတ်စစ်ဘက် ရဟတ်ယာဉ် ပျက်ကျရာ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး  အီရတ်စစ်ဘက် ရဟတ်ယာဉ် ပျက်ကျရာ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.