ရန်ကုန်မြို့အနီး ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန်မြို့တွင်း တစ်နေရာရှိ ငလျင်ဒဏ် အနည်းငယ်ခံရသော တိုက်တာများကိုတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ ဒေးဒရဲမြို့၏ တောင်-အရှေ့တောင်ဘက် (၁၅) မိုင်ခ န့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၇ နာရီ၂၀ စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများအပြား သိသိသာသာ ခံစားလိုက်ရပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

“အသံ ဒုန်းဆိုကြားပြီး အိမ်တော့ နဲနဲ ခါသွားတယ်၊ အရမ်းမပြင်းပါဘူး၊ ငလျင်လှုပ်တယ်ဆိုတာတော့ သိလိုက်တယ်” ဟု စမ်းချောင်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

ရန်ကုန်မြို့အနီး ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်  ရန်ကုန်မြို့အနီး ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ် Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.