နမ်ဆန်မြို့မှာ မီးအကြီးအကျယ်လောင်

နမ့်ဆန်မြို့မှာမီးအကြီးအကျယ်လောင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့မင်္ဂလာရပ်ကွက်မှာ မွန်းလွဲ ၁နာရီခွဲလောက်က စလောင်တဲ့မီးဟာ ညပိုင်းအထိ မီးညွန့်မကျိုးသေးပါဘူး။

စောစောပိုင်းက သိရသလောက် ရပ်ကွက်ကြီး၂ခုက အိမ်ခြေ ၂ရာကျော် မီးလောင်ကျွမ်းသွားပြီဖြစ်ပါတယ်။

ဒီနောက်မြို့လည်ရပ်ကွက်တွေကို ကူးစက်ခဲ့ပြီး မြို့လည်ဗလီနဲ့ ရွှေပြည်တောင် တည်ခိုခန်းတွေကို ကူးစက်နေတယ်လို့ ဒေသခံတွေက ည ၈နာရီလောက်မှာ ဘီဘီစီ ကို ပြောခဲ့ပါတယ်။

နမ့်ဆန်မြို့မှာရှိတဲ့ မီးသတ်ကား၂ စီးနဲ့ မလုံလောက်လို့ အနီးဝန်းကျင်မှာရှိတဲ့ လားရှိုး၊ သီပေါ နဲ့ ကျောက်မဲမြို့တွေက မီးသတ်ကားတွေနဲ့ ဝိုင်းငြိမ်းတာတောင်မရသေးဘဲ ညပိုင်းအထိ ဆက်လက်လောင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

ရေမလုံလောက်တဲ့ အပြင် လမ်းကကျဉ်းပြီး တကြိမ်ကို မီးသတ်ကားတစီးစီသာ ဝင်ငြိမ်းသတ်နိုင်တာကြောင့် မီးညွှန်မကျိုးနိုင်ပဲရှိနေတာလို့ ဆိုပါတယ်။

လောလောဆယ် မီးဘေးဒဏ်ခံရသူတွေကို ဘုန်ကြီးကျောင်းတွေမှာ ယာယီနေရာချထားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
နမ်ဆန်မြို့မှာ မီးအကြီးအကျယ်လောင် နမ်ဆန်မြို့မှာ မီးအကြီးအကျယ်လောင် Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.