ရည်းစားစကား လက်မခံသည့် မိန်းကလေးကို ဓားဖြင့်ထိုးသတ်၊ ကိုယ်တိုင် အဆိပ်သောက် သေကြောင်းကြံစည်


မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ရွာဦးတာလမ်း၌ လူငယ်တစ်ဦးမှ ရည်းစားစကား ပြောဆိုရာတွင်မိန်းကလေးဘက်မှ လက်မခံသဖြင့် ဓားဖြင့်ထိုး၊ အဆိပ်သောက်၍ ကိုယ့်ကိုကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ(၁၈)ရက်နေ့၊ နေ့လယ်(၁၁)အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မကာပီတာ(ခ)မအေးချို(၁၉)နှစ်၊သည် နေအိမ်၌စက်ချုပ်နေစဉ် ဆောင်းဒရားဆူး(ခ)စိန်ဝင်း(၂၄)နှစ်၊ မြလေးချောင်ကျေးရွာ၊ ပေါင်မြို့နယ်နေသူ မှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး မကာပီတာအား ချစ်ကြိုက်ကြောင်း၊ လက်ထပ်လိုကြောင်းပြောရာ မကာပီတာမှ လက်မခံသဖြင့် အသင့်ယူဆောင်လာသော အရိုးအသွား(၈)လက်မခန့်ရှိ ခလုတ်မောင်းချဓါးဖြင့် ထိုးပြီး အိပ်ကပ်အတွင်းမှ အသင့်ယူဆောင်လာသော ကော်ဗူးအဖြူရောင်ထဲမှ အဆိပ်(စိစစ်ဆဲ)အား သောက်ချပြီး အနီးရှိဆိုင်တံခါးပိတ်သည့်ပျဉ်းကတိုးပိုးဖြင့် မိမိကိုယ်ကိုရိုက်ပြီးအုတ်နံရံအား ခေါင်းဖြင့်ပြေးတိုက်ကာသေကြောင်း ကြံစည်ခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

“ဆိုင်ထဲဝင်လာပြီးတော့ရည်းစားစကားလာပြောတယ်။ ကောင်မလေးကလက်မခံတော့ တားနေတဲ့ ကြားထဲက ဓါးထုတ်ပြီးထိုးတယ်။ ပြီးတော့သူ့ကိုယ်သူလဲ သေကြောင်းကြံတယ်။ခဏအတွင်းဖြစ်သွားတာဆွဲလို့ တောင်မမှီလိုက်ဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ဓါးထိုးခံရမှုကြောင့် မကာပီတာ(ခ)မအေးချိုအားသထုံခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာဆေးရုံ အရောက်တွင် သေဆုံးခဲ့ကြောင်းထပ်မံသိရှိရသည်။

မကာပီတာအားဓါးဖြင့်ထိုးသတ်၍မိမိကိုယ်မိမိသေကြောင်းကြံစည်သူ ဆောင်းဒရားဆူး(ခ)စိန်ဝင်အား သထုံမြို့မစခန်းမှ အမှု့ကြီးအမှတ်စဉ်(၁/၂၀၁၆) (ပ)၅၀/၂၀၁၆၊ ပြစ်မှုဥပဒေပုဒ်မ၃၀၂/၃၀၉အရအရေးယူ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရည်းစားစကား လက်မခံသည့် မိန်းကလေးကို ဓားဖြင့်ထိုးသတ်၊ ကိုယ်တိုင် အဆိပ်သောက် သေကြောင်းကြံစည်  ရည်းစားစကား လက်မခံသည့် မိန်းကလေးကို ဓားဖြင့်ထိုးသတ်၊ ကိုယ်တိုင် အဆိပ်သောက် သေကြောင်းကြံစည် Reviewed by THITHTOOLWIN on 15:33 Rating: 5
Powered by Blogger.