သေဒဏ်ကလွတ်မြောက်လာသူ


ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ( ၇ ) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုအောင်ကျော်စိုး ( ခ ) ဖိုးခွါး ဟာ သေဒဏ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံခဲ့ရသူပါ။မတရားအသင်းဆက်သွယ်မူ့ လက်နက်ကိုင်ဆောင်မူ့ အပါ အ၀င်အမူ့ ပေါင်း ၆ ခုနဲ့ စစ်အစိုးရကဆွဲချက်တင်ကာ ၁၉၉၀ ခုနှစ်က သေဒဏ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ အမိန့် ချခံခဲ့ရပါတယ်။၂၀၁၁ ခုနှစ် အောက်တိုဘာလမှတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို NLD ပါတီကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထဲမှာတစ်ဦးတည်းသော သေဒဏ်ကလွှတ်မြောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်ပါတယ်။ထောင်ထဲမှာ နှစ် ၂၀ ကျော်နေခဲ့စဉ်အတွင်း ပရိတ်ကြီး ၁၁ သုတ်စာအုပ်ဖတ်လို့  အရိုက်ခံရတဲ့အဖြစ်အပျက်ဟာ သူ့ အတွက်မမေ့နိုင်စရာဖြစ်ရပ်ဖြစ်ခဲ့တယ်လို့ လဲ ပြန်ပြောပြပါတယ်။

လွှတ်တော် နိုင်ငံရေးက ဒေသခံပြည်သူ့ တွေအတွက်ပိုမိုလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တဲ့အတွက်ရွေးကောက်ပွဲဝင်ခဲ့တာလို လဲသူကပြောပါတယ်။သူအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ တတ်နိုင်သလောက် လုပ်ဆောင်သွားဖို စီစဉ်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
သေဒဏ်ကလွတ်မြောက်လာသူ  သေဒဏ်ကလွတ်မြောက်လာသူ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.