ပခုက္ကူ-ဆိပ်ဖြူကားလမ်းတွင် လိုက်ထရပ်ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး


ပခုက္ကူမြို့နယ်ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းတွင် ဇန်နဝါရီ ၃၁ ရက်က လိုက်ထရပ်ကားတစ်စီး တိမ်းမှောက်သဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၂၃ ဦးဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက် ညနေ ၆ နာရီက ပခုက္ကူ-ဆိပ်ဖြူ ကားလမ်း မိုင်တိုင်အမှတ် ၁၃နှင့် ၁၃/၁ အကြား ပခုက္ကူဘက်မှ မြစ်ခြေသို့ နိုင်ဦး (၄ဝနှစ်)၊ တိုးချဲ့ (၂)ရပ် မြစ်ခြေအုပ်စု ပခုက္ကူမြို့ နယ်နေသူ မောင်းနှင်လာ သည့် 2F/---- လိုက်ထရပ်အဖြူရောင်ကားမှာ ပခုက္ကူ- ဆိပ်ဖြူကားလမ်း အရှေ့ ငကျော်ကျေးရွာအနောက် ဘက်လမ်းကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ ပခုက္ကူမြို့နယ် သဇင်ကျေးရွာနေ သူများဖြစ်သော မောင်နေသူလှိုင် (၁၅နှစ်)တွင် ဦးခေါင်းနောက် စေ့ဖူးရောင်၊ နှာခေါင်း အရည်ထွက် ဒဏ်ရာဖြင့်သေဆုံးခဲ့သည်။

 ကျန် အမျိုးသားခြောက်ဦး၊ အမျိုးသမီး ၁၇ဦး စုစုပေါင်း ၂၃ ဦးမှာ ဒဏ်ရာ များရရှိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ် ရဲအရာရှိ၏ ကနဦးစစ်ဆေးချက် အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းအား ပခုက္ကူမြို့နယ် မြစ်ခြေ ရဲစခန်းက ယာဉ်(ပ) ၁/၂ဝ၁၆ ပုဒ်မ ၃ဝ၄-က/၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်ထားသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
http://uniondaily.net
ပခုက္ကူ-ဆိပ်ဖြူကားလမ်းတွင် လိုက်ထရပ်ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး  ပခုက္ကူ-ဆိပ်ဖြူကားလမ်းတွင် လိုက်ထရပ်ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 13:45 Rating: 5
Powered by Blogger.