ထိုင်းနိုင်ငံ ပတ္တရားရှိ ကော့လင်း ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားများကို စိတ်ရိုင်းဝင်နေသည့် မျောက်များကတိုက်ခိုက်



6-2-2016

ရုရှ နိုင်ငံသူ အလတ်ဇန်းဒါး အသက်၂၀ နဲ့  သူမရဲ့ အမျိုးသားတို့ နှစ်ဦး ဟာ.ယခုလ ဖေဖေါ်ဝါရီလ ၃ရက် -၂၀၁၆ ရက်နေ့  မှာ ပတ္တရား အပန်းဖြေစခန်း တခုဖြစ် တဲ့ ကော့လင်း (မျောက်များနေ ထိုင်နေသည့်ကျွန်း) ကနေ ဆိုင်ကယ်နဲ့  ဖြတ်သန်းမောင်းနှင်နေစဉ်မှာ စိတ်ရိုင်းဝင်နေတဲ့ မျောက်တွေ က က သူတို့ ကို လိုက်လံ တိုက်ခိုက်ခဲ့ကြပါတယ်။


အမျိုးသားကတော့ မျောက်တွေကို ပြန်ကန်ခဲ့လို့  အနားမကပ်နိုင်ပေမယ့် အမျိုးသမီးကတော့ မျောက်တွေ ကိုက်တာခံခဲ့ရလို့  ပေါင်မှာ ဒဏ်ရာရသွား ခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွား စုံတွဲကို ကျွန်းကတာဝန်ရှိသူတွေက ကယ်တင်နိုင်ခဲ့ပြီး အရေးပေါ် စက်လှေနဲ့  ပတ္တရားဆေးရုံမှာ ဆေးကုသပေးခဲ့ပါတယ်။ ကျွန်းအာဏာပိုင်တွေကတော့ စိတ်ရိုင်းဝင်ပြီးကိုက်ခဲ့တဲ့ မျောက်နှကောက်ကို ဖမ်းဆီးနိုင်ခဲ့လို့  (၅-၂-၂၀၁၆ )မှာ လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ မျောက် နှစ်ေ ကာင်ကိုပြပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။


သတင်းထောက်တဦးက မေးမြန်းရာမှာ ကျွန်မှာ ရာနဲ့ ချီရှီနေ တဲ့ မျောက်တွေကြားမှာ တရားခံမျောက်ကိုဖမ်းဆီးနိုင်ငံ တာကို မျောက်တွေဟာ မျက်နှာဆင်တူတွေဖြစ် လို့  ကိုက်တဲ့မျောက် ဟုတ်မဟုတ်ဘယ်လို စစ်ဆေးခဲ့ပါသလဲလို့  မေးခဲ့တာကို..တာဝန်ရှိ သူက သူ့ အနေနဲ့  မျောက်မျက်နှာအားလုံးကို မှတ်မိနေတဲ့ အကြောင်း စိတ်ရိုင်း ၀င်နေတဲ့ မျောက်ဟာ ပုံမှန်မဟုတ်ဘဲ ခုံပေါက်အော် ဟစ်နေကြောင်း ရှင်းပြသွားပါတယ်။

မျောက်တွေစိတ်ဖေါက်ပြန်ပြီး လူတွေကို လိုက်လံ ကိုက်ကြတဲ့ဖြစ်ရပ်ဟာ ယခုအကြိမ်မှာဒုတိယအကြိမ်ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လတုံးကလဲ လေးနှစ်သား ရုရှ ခလေးငယ်တဦး လည်းခုလို မျောက်တွေလိုက်ကိုက်တာခံခဲ့ရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ ပတ္တရားရှိ ကော့လင်း ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားများကို စိတ်ရိုင်းဝင်နေသည့် မျောက်များကတိုက်ခိုက် ထိုင်းနိုင်ငံ ပတ္တရားရှိ ကော့လင်း ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားများကို စိတ်ရိုင်းဝင်နေသည့် မျောက်များကတိုက်ခိုက် Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.