ကံမမြို့နယ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြောက်ရက်တိုင် အဓမ္မပြုကျင့်ခံရမှုအတွက် တိုင်ကြားပြီ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နေသူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ၎င်း၏ တဲနီးချင်းနေ အမျိုးသားတစ်ဦးက အတင်းခေါ်ဆောင်ကာ သားမယားပြုကျင့်မှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့က တိုင်တန်းထားကြောင်း သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ မ---- အသက် ၁၆ နှစ်၊ လယ်တီကျင်း တဲတိုက်၊ ပယ်ကျကျေးရွာ အုပ်စု၊ ကံမမြို့နယ် နေထိုင်သူသည် ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန်က အစ်မဖြစ်သူ မဝင်းသီတာနှင့်အတူ ၎င်းတို့ နေထိုင်ရာတဲ၏ အောက်ထပ်၌ ဖျာရက်နေစဉ် ဗိုက်အောင့်၍ အိမ်သာတက်ရန် တဲ၏ တောင်ဘက် ပေသုံးရာခန့် ဝေးသည့်နေရာသို့ အိပ်သာတက်ရန် ရောက်ရှိစဉ် တဲနီးချင်းနေ - - - - - - အသက် ၂၇ နှစ်မှာ ရုတ်တရက် ရောက်ရှိလာပြီး ၎င်းအား ပါးစပ်ပိတ်၍ လက်ကို အတင်းဆွဲကာ ပန်းတောင်းမြို့နယ်၊ သဲကုန်းရွာသို့ ခေါ်ဆောင် သွားခဲ့ပြီး နောက်တစ်နေ့တွင် ကံမမြို့နယ်၊ အလယ် မီးပေါက်ရွာသို့ ကားဖြင့် ထပ်မံခေါ်ဆောင်ကာ ခြောက်ရက်ခန့် သားမယားအဖြစ် ပြုကျင့်အတူနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မ----- ၏ အစ်ကိုဖြစ်သူက အလယ် မီးပေါက်ကျေးရွာမှ ပြန်လည် ခေါ်ဆောင်၍ မိဘများထံသို့ ပေးပို့ခဲ့ရာ မိဘများအား ဖြစ်စဉ်ပြောပြ၍ ၎င်းအား အတင်းခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်သူ ------- အား အရေးယူပေးရန် ဇန်နဝါရီ ၃၁ ရက် နေ့တွင် မ ----- က တိုင်ကြားခဲ့သောကြောင့် ကံမမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၁၅/၂၀၁၆၊ ပုဒ်မ ၃၇၆ / ၃၆၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ကံမမြို့နယ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြောက်ရက်တိုင် အဓမ္မပြုကျင့်ခံရမှုအတွက် တိုင်ကြားပြီ  ကံမမြို့နယ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြောက်ရက်တိုင် အဓမ္မပြုကျင့်ခံရမှုအတွက် တိုင်ကြားပြီ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.