နမ့်ဆန်မြို့တွင်းတွင် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား ည ၈ နာရီဝန်းကျင်ထိ ဆက်လက်လောင်နေဆဲဟု သိရ


မားနဂါး၊ လားရှိုး ၊ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ၂ဝ၁၆ ခု ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ (ည ၇ နာရီ ၄ဝ မိနစ်) နာရီအထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ အိမ်ခြေ ၁ဝဝ ကျော် မီးလောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း မီးဆက်များသည် ဆက်လက်လောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

မြို့တွင်းရှိ မင်္ဂလာရပ်ကွက်တွင် နေထိုင်သော လက်ဖက်ပွဲရုံ ဦးပန်းစိန်၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ယခုအချိန်(ည ၇နာရီ ၄ဝမိနစ်) အချိန်တွင် ရွှေဖီတောင်တန်းတည်းခိုခန်းနှင့် မီးများနီးကပ်လာပြီး မီးလောင်ကျွမ်းခဲ့ သည့် အကြောင်းအရင်းကို မသိရှိရသေးပဲ မီးသတ်ကားများက လာရောက် ငြိမ်းသတ်နေသော်လည်း ဆက်လက်လောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ဒေသခံဖြစ်သူ ဦးဘသောင်းက “မီးကတော့ လောင်လို့ကောင်းနေတုန်းပဲ ဝဲယာဘက်ကို လောင်နေတာ ပွဲစား ဦးပန်းစိန်အိမ်ကနေ စလောင်တယ်လို့ ပြောတာပဲ။ ရပ်ကွက် ၄၊ ၅ ရပ်ကွက်လောက် ကုန်သွားပြီ ခုမြို့ လယ်ထဲကို လောင်နေပြီ ဆက်လောင်နေရင်တော့ ရဲစခန်းထိ ကူးမှာပဲ မနက်မိုးလင်းရင်တော့ ရေမရှိတော့ ရပ်ကြည့် နေရုံက လွဲပြီး ဘာမှမလုပ်နိုင်ဘူး” ဟု ပြောပါသည်။

အဆိုပါ လောင်ကျွမ်းနေသည့် မီးများကို ငြိမ်းသတ်ရန်အတွက် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နယ်မှ မီးသတ် ကားများ ရောက်ရှိနေသော်လည်း လောင်ကျွမ်းခဲ့သည့် နေအိမ်၏ တိုင်များ၊ မီးတိုင်များသည် မြို့ဝင်လမ်းတွင် ပိတ်ဆို့နေ သည့်အတွက် မြို့တွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိဘဲ မီးသတ်ကားများကို မြို့ဝင် ပြည်သူ့ဆေးရုံတွင်သာ ထားရှိရသည်ဟု ၎င်းက ဆိုသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း နမ့်ဆန်မြို့မှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၅ဝ) ကျော်သာ မီးလောင်ပါသွားခဲ့ပြီး ကာလတန်ဖိုး သိန်း ၈ဝဝဝ ကျော် ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် ယခုနှစ် ၂ဝ၁၆ ခု ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖြစ်သွားခဲ့သည် မီးလောင်ကျွမ်းမှုသည် ယခင်တစ်ခေါက် ဆုံးရှုံးမှုထက် များပြားသည်ဟု သိရသည်။

Marnagar Journal
https://www.facebook.com/marlagar.palaung
နမ့်ဆန်မြို့တွင်းတွင် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား ည ၈ နာရီဝန်းကျင်ထိ ဆက်လက်လောင်နေဆဲဟု သိရ  နမ့်ဆန်မြို့တွင်းတွင် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား ည ၈ နာရီဝန်းကျင်ထိ ဆက်လက်လောင်နေဆဲဟု သိရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.