မိမိခလေးငယ် လေးဦးကို သတ်ခဲ့သည့် ဖခင် မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကထုတ်ပြန်


9-2-2016

ထိုင်းနိုင်ငံ သရန် ခရိုင် အတွင်းမှာ ယနေ့ မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့တဲ့ မိမိသားနှစ်နဲ့ သမီးနှစ်ဦး အိပ်နေစဉ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ထိုင်းနိုင်ငံ သား Pornpichit Yongstar ဖွန်ပိချစ် အသက်၄၀ ဟာ ရဲတပ်ဖွဲ့ ဝင်တွေနဲ့  ၉နာရီကြာ ဆွေးနွေးခဲ့တာ မအောင်မြင်တဲ့အဆုံး သူကိုယ်သူ အဆုံးစီရင်သွား ခဲ့ကြောင်း သိရပါတယ်။

အမျိုးသားက သူဇနီးဟောင်း ကို သူအနားခေါ်လာပေးရမယ်ဆို တဲ့ တောင်း ဆို ချက်ကို ရဲတပ်ဖွဲ့ ဝင်တွေက မလိုက်လျှောခဲ့ပါဘူး၊ ညနေပိုင်းမှာ တော့ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့  အိမ်ထဲဝင်ပြီး သူ့  ကို ရှင်းကြဘို့ ပြင်နေတယ်ဆိုတာ သိသွားပြီး ခုလိုအဆုံးစီရင်သွား ခဲ့တာဖြစ်ပါ တယ်။


ယခုသတင်းကို ကြားရမြင်ရသူ အားလုံးဟာ အလွန်စိတ်မကောင်း ဖြစ်ရသလို လင်မယား ပြဿ     နာမှာ ဘာမှမသိ နားမလည်သေးတဲ့ ခလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာဟာ အိမ်ထောင်ပြဿ     နာတခု ကို သွေးရူးသွေး တန်းနဲ့  လူမဆန်တဲ့ လုပ်ရပ်ပါလို့  ပြောဆိုနေကြပါတယ်။

အခင်းမဖြစ်ပွားခင်မှာ ဇနီးဟောင်း က နောက်အိမ်ထောင်ပြုတော့ မယ်ဆို တာ ကို လုံးဝလက် မခံနိုင်ဖြစ်ပြီး အခြေအတင် စကားများကြရာကနေ ခုလို သားသမီးတွေ ကို သတ်ပြစ်တဲ့အထိ ဖြစ်ခဲ့တာလို့ ထိုင်နိုင်ငံ ထုတ် အွန်လိုင်း သတင်းစာ နဲ့ အွန်လိုင်း မီဒီယာ အားလုံးမှာ ပုံစံအမျိုးမျိုးနဲ့  ရေးသားဖေါ်ပြ ထားတာတွေ့ ရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

မိမိခလေးငယ် လေးဦးကို သတ်ခဲ့သည့် ဖခင် မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကထုတ်ပြန်  မိမိခလေးငယ် လေးဦးကို သတ်ခဲ့သည့် ဖခင် မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကထုတ်ပြန် Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.