ရန်ကုန် မီးဖြတ်မည့် အစီအစဉ် ရွှေ့ဆိုင်း



စွမ်းအင်ဝန်ကြီးဌာန၊

မြန်မာ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရတနာကမ်းလွန် platform နှင့် ပတ္တမြား ကမ်းလွန်platform ပိုက်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် (၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ရက်နေ့အထိ (၄)ရက်ကြာ သဘာဝဓာတ်ငွေ့ပို့လွှတ်မူရပ်ဆိုင်း မည့်ကိစ္စအား ရက်ရွှေ့ဆိုင်းထားပါကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ( ၂၄.၂.၂၀၁၆) ရက်နေ့ (၂၃:၃၀)နာရီခန့်တွင် တယ်လီဖုန်း သတင်းရရှိပါသဖြင့် ရန်ကုန်မြို့အတွင်း ဝန်အားလျော့ချ ဓာတ်အားပေးမည့် အစီအစဉ် များကို ရပ်ဆိုင်းပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း နှင် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်မည့်ရက်အား အတည်ပြုချက်ရရှိပါက မီးသုံးစွဲသူ ပြည်သူများထံသို့ အချိန် နှင့်တပြေးညီ အသိပေး တင်ပြသွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးပန်ကြားအပ်ပါသည်။

YESC-CallCenter
https://www.facebook.com/yescmyanmar/

ရန်ကုန် မီးဖြတ်မည့် အစီအစဉ် ရွှေ့ဆိုင်း  ရန်ကုန် မီးဖြတ်မည့် အစီအစဉ် ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.