ရေနံထုတ်လုပ်မှု ထိန်းထားဖို့ ၄ နိုင်ငံ သဘောတူ


အိုပက် ခေါ် ကမ္ဘာ့ ရေနံ ထုတ်လုပ် တင်ပို့သူများ အဖွဲ့ဝင် နိုင်ငံတွေထဲက ဆော်ဒီ အာရေဗျ၊ ကာတာနဲ့ ဗင်နီဇွဲလား တို့က သူတို့ရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏကို ဇန်နဝါရီလက ရှိခဲ့တဲ့ အဆင့်အတိုင်း ထိန်းထားဖို့ ရုရှား နိုင်ငံနဲ့ အတူ သဘောတူ ခဲ့ကြပါတယ်။

ဒီကနေ့ အင်္ဂါနေ့က ဒိုဟာ မြို့မှာ ပြလုပ်တဲ့ ဝန်ကြီး ၄ ဦး အစည်းအဝေး အပြီးမှာ အဲဒီလို သဘောတူခဲ့တဲ့ ကြေညာချက်ကို ထုတ်ပြန် ခဲ့တာပါ။

အဲဒီလို ထုတ်လုပ်မှု ပမာဏကို ထိန်းထားမယ့် ရည်ရွယ်ချက်က အခု လပိုင်းအတွင်း သိသိသာသာ ကျဆင်းနေတဲ့ ကမ္ဘာ့ ရေနံဈေးကို ကျားကန် ပေးဖို့ ဖြစ်ပါတယ်။

ရေနံ ထုတ်လုပ်မှု များနေတာ၊ ကမ္ဘာ့ စီးပွားရေးအပေါ် စိုးရိမ်မှုတွေ တိုးပွားနေတာနဲ့ ဝယ်လိုအား လျော့နေတာ တွေကြောင့် ကမ္ဘာ့ ရေနံဈေးက ထိုးကျ လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အီရန် ကတော့ သူ့အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြီးခဲ့တဲ့ လက ရုပ်သိမ်းခဲ့ပြီးနောက် သူတို့ရဲ့ ရေနံ ထုတ်လုပ်တဲ့ ပမာဏကို တိုးမြှင့် သွားမယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။

အင်္ဂါနေ့ ဒိုဟာ အစည်းအဝေး ရလဒ် ထွက်လာပြီး နောက်မှာပဲ ရေနံဈေးတွေ ထပ်မံ ကျဆင်း ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရေနံထုတ်လုပ်မှု ထိန်းထားဖို့ ၄ နိုင်ငံ သဘောတူ  ရေနံထုတ်လုပ်မှု ထိန်းထားဖို့ ၄ နိုင်ငံ သဘောတူ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.