အင်းစိန်မြို့တွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျောက်တော်ကြီး ဘုရားရှေ့ ဇင်ဇီယာလမ်းရှိ မောင်စက်ပိုင်အောင် (ဘ) ဦးထိုက်အောင်၏ (၁၀) ပေ ပတ်လည် ကျူးကျော်တွဲတွင် ယနေ့ နေ့လည် ၂နာရီ မိနစ် ၄၀ အချိန်၌ ဆိုလာပြားမီးအား သွင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကား (၄) စီးနှင့် အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အင်းစိန်မြို့တွင် မီးလောင်မှုဖြစ်ပွား  အင်းစိန်မြို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.