အရက် သောက်ထားသည့် ခရီးသည်များကြောင့် အစီအစဉ် မရှိဘဲ တူရကီလေယာဉ် ဆာရာယေဗိုတွင် ဆင်းသက်ခဲ့ရ

တူရကီ Pegasus Airlines ပိုင် လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဆာရာယေဗို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    အရက် သောက်ထားသည့် ခရီးသည် ငါးဦးကြောင့် တူရကီ လေယာဉ် တစ်စင်းမှာ အစီအစဉ် မရှိဘဲ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား နိုင်ငံမြို့တော် ဆာရာယေဗို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက် ခဲ့ရသည်။

တူရကီ Pegasus Airlines ပိုင် လေယာဉ် တစ်စင်းသည် အစ္စတန်ဘူလ်မှ ရောမသို့ ထွက်ခွာလာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက် မွန်းတည့်ချိန်၌ ဆာရာယေဗို လေဆိပ်တွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

တူရကီ နိုင်ငံသား ခရီးသည် ငါးဦးမှာ ၎င်းတို့ သောက်သုံးထားသည့် အရက် တန်ဖိုးငွေအား လေယာဉ်ဝန်ထမ်း က တောင်းခံရာမှ အငြင်းပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည် ငါးဦးအား လေယာဉ်ပေါ်မှ ဆင်းစေခဲ့ကာ အစ္စတန်ဘူလ်သို့ ပြန်လည်ပို့ပေးမည် ဖြစ်ပြီး လေယာဉ်မှာမူ ဆာရာယေဗို လေဆိပ်မှ တစ်နာရီခန့် အကြာတွင် ရောမသို့ ဆက်လက် ထွက်ခွာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အရက် သောက်ထားသည့် ခရီးသည်များကြောင့် အစီအစဉ် မရှိဘဲ တူရကီလေယာဉ် ဆာရာယေဗိုတွင် ဆင်းသက်ခဲ့ရ  အရက် သောက်ထားသည့် ခရီးသည်များကြောင့် အစီအစဉ် မရှိဘဲ တူရကီလေယာဉ် ဆာရာယေဗိုတွင် ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.