တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓါးပြတိုက်မှုဖြစ်


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓါးပြတိုက်ပြီး ထွက်ပြေးသူအား လမ်းပေါ်တွင် ဖမ်းဆီးနိုင်လိုက်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)နေ တရုတ်နိုင်ငံသား Mr-he Xueiun ထံမှ ထိုင်းဘတ်ငွေ (၁၉၈,၉၀၀)ဘတ်အား အတူနေထိုင်သူ Mr-He hongbo မှ ဇန်နဝါရီလ(၇)ရက်နေ့က ဓါးပြတိုက်သွားခြင်းဖြစ်ပြီး ထွက်ပြေးချိန်တွင် ဖမ်းမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အခုကိစ္စမှာ အိမ်နီးနားချင်းတွေက နီးစပ်ရာဖြစ်တဲ့ ကျွန်တော်တို့ဆီ ချက်ချင်းဖုန်းဆက် အကူအညီတောင်းလာတာ။ အဲဒါကြောင့် ကျွန်တော်တို့လည်း လမ်းမှာ ပိတ်ပြီးဖမ်းလိုက်နိုင်တာ၊ အခုလို ဖမ်းလိုက်နိုင်တာဟာလည်း၊ ဖြစ်ဖြစ်ချင်းမှာ ချက်ချင်း ဖုန်းဆက် အကြောင်းကြားပေးခြင်းကြောင့် အမြန်ဆုံး ဖမ်းဆီးရ မိတာဖြစ်ပါတယ်။ အဲ့လိုပဲ ပြည်သူများလည်း အရေးကြုံလာရင် ချက်ချင်း အကြောင်းကြားပေးဖို့ လိုပါတယ်"ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တရုတ်နိုင်ငံသား Mr- He Honbo အား တာချီလိတ်မြို့မ ရဲစခန်း(ပ)၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net
တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓါးပြတိုက်မှုဖြစ်  တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓါးပြတိုက်မှုဖြစ် Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.