“နေပြည်တော် တရုတ်သံရုံး၌ ညစာစားပွဲ ကျင်းပ”



 တရုတ်ပြည်သူ သမ္မတနိုင်ငံ၏ သံရုံးကြီးအဖြစ် ဖွင့်လှစ်ထားသော နေပြည်တော် ပျဉ်းမနား-တောင်ညို ကားလမ်ဘေး Grand ACE Villa အိမ်ရာဝင်းအတွင်းရှိ ငါးထပ်အဆောက်အဦး တစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၁၈း၃၀ နာရီမှာ မိတ်ဆုံညစာ စားပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညစာစားပွဲ ကျင်းပရာတွင် လုံခြုံရေး အပြည့်ယူထာပြီး သံရုံးဝင်းကြီးအား ခြံစည်းရိုးများ ခတ်ထားသည်ကို တွေ့ရှိရသည်။ အေစီအီးဗီလာဝင်းကြီးသည် ယခင်ဒေသခံများ နှစ်ပေါင်းများစွာ ကြံစိုက်ပျိုးခဲ့ကြသော မြေကွက်ကြီး တစ်ခုဖြစ်ပြီး နေပြည်တော်ကောင်စီမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇမ္ဗူသီရိအထူးကုဆေးရုံနှင့် ACE ဗီလာ အိမ်ရာဝင်းအဖြစ် တည်ဆောင်ခဲ့ပြီး လုံးချင်းအိမ်များတည်ဆောက်ခဲ့ပြီး ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

“နေပြည်တော် တရုတ်သံရုံး၌ ညစာစားပွဲ ကျင်းပ”   “နေပြည်တော် တရုတ်သံရုံး၌ ညစာစားပွဲ ကျင်းပ” Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.