ယာဉ်မောင်းသင်ကားနဲ့ ဘိလပ်မြေကားတိုက် ၂ ဦးသေဆုံး


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ- သထုံကားလမ်း၊ တန်(၉၀၀) ဘိလပ်မြေစက်ရုံ ဘောလုံးကွင်းရှေ့တွင် ယာဉ်မောင်းသင်သည့် ဟိုက်ဂျက်ယာဉ်နှင့် (၁၂)ဘီးယာဉ်တို့ တိုက်မိရာမှ ယာဉ်အမောင်းသင်သူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၁)ဦး၊ ပေါင်း(၂)ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၈-၂-၂၀၁၆ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် ဘားအံ-သထုံကားလမ်း အတိုင်း တန်(၉၀၀)ဘောလုံးကွင်းသို့ ယာဉ်အမောင်းသင်ရင်း လေ့ကျင့်မောင်းနှင်ရန် သွားစဉ် 2H/7799 ဟိုက်ဂျက်၊အဖြူရောင်ယာဉ်အား အမောင်းသင်သူ ကျော်မြိုင်(ခ)လခို၊၂၇နှစ်၊ (ဘ)ဦးဖိုးသာထူး၊ ကျောင်းအောက်ကျေးရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်နေ သူမောင်းနှင်ပြီး ဘေးတွင် အမောင်းသင်ပေးသူ ယာဉ်ပိုင်ရှင်သန်းနိုင်၊ ၃၃နှစ်၊(ဘ)ဦးဖိုးသာအောင်(လိပ်စာတူ)နှင့် သန်းနိုင်၏သားဖြစ်သူ မောင်ပေါ်ဦး၊ ၅နှစ်တို့ လိုက်ပါလာပြီး မြိုင်ကလေး လမ်းဆုံဘက်မှ မောင်းနှင်လာစဉ် တန်(၉၀၀) ဘိလပ်မြေစက်ရုံအနီး ဘောလုံးကွင်းရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ ဘိလပ်မြေ တင်ဆောင်လာပြီး ဘားအံဘက်သို့ ယာဉ်မောင်းဦးစိုးလွင်၊ ၅၃နှစ်၊ ကိုးတောင်ကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးေ နသူ မောင်းလာသော 2A/9385၊ (၁၂)ဘီး အပြာရောင် ယာဉ်အား တိုက်မိရာဟိုက်ဂျက်မောင်းသူ ကျော်မြိုင်(ခ)လခိုနှင့် မောင်ပေါ်ဦး တို့(၂)ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာရရှိပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကာ သန်းနိုင်တွင် နဖူးကွဲ၊ ယာပါးပွန်း၊ ယာလက်ဖျံကျိုး၊ ယာခါးဖူးေ ရာင်း(ပြင်းထန်)ဒဏ်ရာများရရှိ၍ဘားအံဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြိုင်ကလေးရဲကင်းစခန်းမှူးမှ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းဘားအံသတင်း (facebook) မှာ ဖော်ပြထားချက်အရ သိရှိရသည်။

by သစ်ထူးလွင်

ယာဉ်မောင်းသင်ကားနဲ့ ဘိလပ်မြေကားတိုက် ၂ ဦးသေဆုံး   ယာဉ်မောင်းသင်ကားနဲ့ ဘိလပ်မြေကားတိုက် ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.