ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည်

တရုတ်နိုင်ငံရှိ လူကူး မြေအောက်ဥမင် လမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-wikipedia)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ဆောက်လုပ်ရန် ဒီဇိုင်းကို ဆွေးနွေးနေဆဲ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မြေအောက်လမ်းကူး ဥမင်ကို ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီး ပြည် လမ်းမပေါ်၌ ဖောက်လုပ်ရန် လျာထားပြီး ယခင်က လူကူး တံတား ဆောက်လုပ်ရန် လျာထားခဲ့သော်လည်း တည်နေရာ အနေအထားနှင့် ပြည်သူလူထု အမှန်တကယ် အသုံးပြုနိုင် စေရေး အတွက် မြေအောက်လမ်း ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေအောက်လမ်းကူး ဥမင် ဆောက်လုပ် နိုင်ရေး အတွက် စိုက်ပျိုးရေး မှတ်တိုင်အနီး ၌ နိုဝင်ဘာလမှ စတင်၍ မြေသားစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း၊  မြေအောက်လိုဏ် လမ်းမှာ ပေ ၈ဝ ကျော်ရှိမည် ဖြစ်ပြီး စက်လှေကား ထည့်သွင်း ဆောက်လုပ်ရေး နှင့် အသုံးပြုမည့် ဘတ်ဂျက်ကို ဆက်လက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက်လုပ်မည် Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.