ထိုင်းနိုင်ငံ မှာ ဒေါ်လာ အတု (၇)သိန်းကျော်ဖမ်းမိ


၈-၂-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လိုင်ချဘန်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးရဲမှူး မစ်စတာ ကိုမုံဝန်ထန ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ထိုင်းနိုင်ငံ ချွန်ဘုရီခရိုင် ဆီရာချာ မြို့နယ် ထွန်းစုခလာရပ် ကွက် ကော်ဖီဆိုင်မှာ ဒေါ်လာအတု ၇သိန်းကျော်နဲ့  ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ က သတင်းရှာရှင်းလင်းပွဲ မှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အိမ်နီးချင်းနိုင်ငံကနေ(နိုင်ငံမပြော)မှာ ယူခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀၀တန်ကို ဘတ်ငွေ ၇၀၀ နဲ့ဝယ်တယ်လို့ တရားခံတွေက ၀န်ခံခဲ့ပါတယ်။


ဘန်ကောက်က နိုင်ငံခြားဧည့်သည်တွေအလည်အပတ်များတဲ့နေရာတွေ နဲ့  ပတ္ထရား အပန်းဖြေစခန်းမှာ လက်ကား ဖြန်ပေ့း နေတဲ့ သူတွေထံ ၈၀၀ နဲ့ တဆင့် ပြန်ရောင်း တယ်လို့ သိရပါတယ်။

ဒေါ်လာအတုက အစစ်နဲ့အရမ်းတူတဲ့အတွက် ဘဏ်မှာသွားလဲတာတောင် ဘဏ်ဝန်ထမ်းကအတုမှန်းမသိပဲ လက်ခံတာတွေတောင် ရှိခဲ့ပါတယ်။

ယခုအမှုနဲ့ ပါတ်သက်ပြီး ဘန်ကောက်မြို့  က အမေရိကန် သံရုံးတာဝန်ရှိသူတွေ လာရောက် စစ်ဆေးခဲ့ကြပါတယ်။

ယခုမဖမ်းမိခဲ့တဲ့ သူတွေဟာ ဒ်ါလာအတုထုတ်လုပ်မှု အကြီးစားဂိုဏ်းဖြစ်ပြီး သူတို့ နဲ့ ဆက်ဆပ်လုပ်နေငူ ကွန်ရက်ဂိုဏ်းတွေကို တလိုက်လံဖမ်းဆီး အရေးယူသွားမယ်လို့ စုံစမ်းစစ်ဆေးရေးရဲ အရာရှိ တစ်ဦးကပြောကြား သွားပါတယ်။

ဓါတ်ပုံ မန်နေဂျာအွန်လိုင်း
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

ထိုင်းနိုင်ငံ မှာ ဒေါ်လာ အတု (၇)သိန်းကျော်ဖမ်းမိ   ထိုင်းနိုင်ငံ မှာ ဒေါ်လာ အတု (၇)သိန်းကျော်ဖမ်းမိ Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.