တော်ဝင်စင်တာ၌ အမျိုးသမီးငယ်တစ်ဦးကို လူငယ်တစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေး


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာ ပထမ ထပ်ရှိ - - - မျက်မှန်ဆိုင်မှဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးကို လူငယ်တစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီခန့် အချိန်တွင်ဓားဖြင့် ထိုး၍ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့သည်။
““တိတိကျကျ တော့မစစ်ဆေးရသေးဘူး၊ ကောင်မလေးက ရင်အုံနားမှာ တစ် ချက်ထိတယ်၊ လက်မောင်းလည်းပြတ်ရှ ဒဏ်ရလည်းရထားတယ်၊ သမီးရည်စား ကိစ်္စဖြစ်ဖို့များပါတယ် ဓားနဲ့ထိုးတဲ့ လူက ထွက်ပြေးသွားတယ်၊ အခုမမိသေးဘူး””ဟုအခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေး နေသည့် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးက ပြည်မြန်မာနေ့စဉ်သတင်းစာကိုပြောသည်။

ဓားဖြင့်ထိုးပြေးသွားသည့်လူငယ်ကို တော်ဝင်စင်တာ၏ အ၀င်ပေါက် စီစီတီဗွီ မှရိုက်ကူးနိုင်ခဲ့ပြီးယင်းဗီဒီယိုအရအသက် ၂၀ ခန့် အရွယ်ရှိနိုင်မည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သုံးသပ်ထားပြီး အွန်လိုင်းတွင် တွေ့ကြကာ ချစ်သူဖြစ်ခဲ့ကြခြင်းဖြစ်နိုင်ကြောင်းသိရသည်။
““ကျွန်မက သုံးလွှာမှာလုံခြုံရေးတာ ၀န်ကျနေတယ်၊ အောက်ဆင်းလာတော့ မျက်မှန်ဆိုင်နားကလျှောက်လမ်းမှာသွေးတွေနဲ့အော်နေတာတွေ့လို့ ပတ်ဝန်းကျင် ကို အကူအညီတောင်းခဲ့တာ””ဟုအခင်း
ဖြစ်ရပ်ကိုစတင်တွေ့ရှိခဲ့သည့် တော်ဝင်စင်တာ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောသည်။

 ဒဏ်ရာရရှိသူအမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူ နေပြီး မစိုးရိမ်ရကြောင်း အမှုနှင့်ပတ်သက် ၍ ဒဂုံမြို့နယ် ရဲစခန်းက (ပ)၃၇/၂၀၁၆ ပြစ်မှုဆိုင်ရာဥပဒေပုဒ် ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

မြတ်သူအောင် (သတင်း၊ ဓာတ်ပုံ)
(၂၀-၂-၂၀၁၆ ရက်ထုတ် ပြည်မြန်မာသတင်းစာမှ)
Pyi Myanmar
https://www.facebook.com/pyimyanmarnews

တော်ဝင်စင်တာ၌ အမျိုးသမီးငယ်တစ်ဦးကို လူငယ်တစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေး   တော်ဝင်စင်တာ၌ အမျိုးသမီးငယ်တစ်ဦးကို လူငယ်တစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေး Reviewed by THITHTOOLWIN on 05:26 Rating: 5
Powered by Blogger.