ရွှေပြည်သာ စက်မှုဇုန် (၁) အထည်ချုပ်စက်ရုံမီးလောင်


ရန်ကုန် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဘူတာအနီး စက်မှုဇုန် (၁) အင်းကြင်းမြိုင်လမ်း အမှတ် ၄၂/၃၄-၄ဝ ရှားပေးအာရှ (SUPREME ASIA GAR MENT FACTORY LIMITED ) အထည်ချုပ်စက်ရုံအတွင်း ယနေ့ နံနက် ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ''အမှိုက်ပုံးအတွင်း ဆေးလိပ်တိုမီးစွန့်ပစ်ရာမှ အထည်အလိပ် ဖြတ်စညှပ်စ စုပုံထားရှိရာသို့ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အထည်ချုပ်စက်ရုံတာဝန်ခံမန်နေဂျာ ဒေါ်ထက်ထက်က ပြောပြသည်။

''မီးစတင်လောင်တာကတော့ နံနက် ၅ နာရီခန့်ဖြစ်ပါတယ်။ မီးသတ် တပ်ဖွဲ့ အနေနဲ့ သတင်းစရတာကတော့ နံနက် ၅ နာရီ ၅ မိနစ်မှာပါ။ လောင်နေတဲ့မီးအား ကို ၅ နာရီ ၃၅ မိနစ်မှာ ထိန်းနိုင်ခဲ့တယ်။ ၅ နာရီ ၄၅ မိနစ်ကျတော့ စိတ်ချလက်ချ ငြိမ်းသွားပြီ''ဟု နယ်မြေမီးသတ်ဦးစီးမှူးက မီဒီယာများ မေးသည်ကို ဖြေကြားသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ ကွပ်ကဲအုပ်ချုပ်မှု ယာဉ်လေးစီး၊ အထောက်အကူ ပြုယာဉ်တစ်စီး၊ ထိုင်းကြက်ခြေနီယာဉ်တစ်စီး၊ သန္ဓေမီးသတ် ၁၇ဝ ဦး ၊ အရန်မီးသတ်
၉ဝ ၊ ကြက်ခြေနီ ၂ဝ ၊ အင်အားဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ နှစ်သိန်းခွဲဟု သိရသည်။

အဆိုပါ စက်ရုံမန်နေဂျာ ဒေါ်ထက်ထက် (၃၄နှစ်) အားသက်ဆိုင်ရာမှ ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရွှေပြည်သာ စက်မှုဇုန် (၁) အထည်ချုပ်စက်ရုံမီးလောင်  ရွှေပြည်သာ စက်မှုဇုန် (၁) အထည်ချုပ်စက်ရုံမီးလောင် Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.