ပုသိမ်-ချောင်းသာလမ်း ခရီးသည်တင် မှန်လုံယာဉ်တိမ်မှောက်


ပုသိမ် ဖေဖော်ဝါရီ ၁၂

ပုသိမ်မြို့ အမှတ်(၂)နယ်မြေ ချောင်းသာကားဂိတ်မှ ယနေ့ မွန်းတည့် ၁၂ နာရီက ယာဉ်မောင်း အောင်မင်းနိုင် (၄ဝနှစ်) မောင်းနှင်သော သီဟမှန်လုံယာဉ် AYY-4B/--ယာဉ်သည် ခရီးသည် ၅၁ ဦး တင်ဆောင်၍ ချောင်းသာလမ်းအတိုင်း ပုသိမ်ငဝန်မြစ်ကူးကြိုးတံတားကို ဖြတ်ကျော်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၄/၇)နှင့် (၄/၆) ကြား သပြုချောင်းတံတားအရောက် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ထွန်းဇော်ဦး (၄ဝ နှစ်) ရန်ကုန်မြို့ နေသူ မောင်းနှင်လာသော ယန္တရားကုန်တင်ယာဉ်နှင့် ချိတ်မိရာ မှန်လုံယာဉ်မှာ တိမ်းမှောက်သွားသည်။

ယန္တရား ကုန်တင်ယာဉ်မှာလည်း သပြုချောင်းတံတားအလွန် ဝဲဘက်ချောက်ထဲသို့ ထိုးကျသွားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သီဟမှန်လုံယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည် ၅၁ ဦးအနက် ၂၇ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများက ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်မြို့နယ် သင်္ဘောကျဉ်းရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လှကြည်(ပုသိမ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုသိမ်-ချောင်းသာလမ်း ခရီးသည်တင် မှန်လုံယာဉ်တိမ်မှောက်  ပုသိမ်-ချောင်းသာလမ်း ခရီးသည်တင် မှန်လုံယာဉ်တိမ်မှောက် Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.