ဖခင်ဖြစ်ကို အရက်မသောက်ရန် တားဆီးသော်လည်း ဖခင်ကဖြစ်သူလိုက်နာခြင်းမရှိ၍ သမီးဖြစ်သူက အက်ဆစ်သောက်ပြီး မိမိကိုယ်မိမိသေကြောင်းကြံ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
မြိုင် ၊ဖေဖော်ဝါရီ ၁၉။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဖခင်ဖြစ်ကို အရက်မသောက်ရန် တားဆီးသော်လည်း ဖခင်ကဖြစ်သူ လိုက်နာခြင်းမရှိ၍ သမီးဖြစ်သူက အက်ဆစ်သောက်ပြီး မိမိကိုယ်မိမိသေကြောင်း ကြံစည်မှု ဖေဖော်ဝါရီ(၁၇)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။

ဖေဖော်ဝါရီ(၁၇)ရက်နေ့ ည(၇)နာရီအချိန်က မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံတွင် အက်ဆစ်သောက်ထားသော လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ဗဟင်းနယ်မြေရဲစခန်းမှ ရဲအုပ်ဌေးကျော်သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးချက်အရ မ...............အသက်(၂၀)နှစ်၊ကျက်စားရွာ၊ မြိုင်မြို့နယ်နေသူသည် ဖခင်ဖြစ်သူအား အရက်မသောက်ရန် တားမြစ်ပြောဆိုသော်လည်း ဖခင်ဖြစ်သူကလိုက်နာခြင်းမရှိသဖြင့် တဲတွင် ဘတ္ထရီထည့်ရန်အသုံးပြုသည့် FK တံဆိပ်ပါ ပလပ်စတစ်ဘူးအတွင်းရှိ အက်ဆစ်အပျော့အားသောက်သုံးခဲ့သည့်အတွက် သွေးများအန်ကာ ဆေးကုသရခြင်းဖြစ်သည်ဟု အမှုစစ်၏စစ်ဆေးချက်အရသိရကြောင်း၊ ဖြစ်စဉ်နှင့်ပက်သက်၍ မိမိကိုယ်အက်ဆစ်သောက်၍ သေဆုံးရန်အားထုတ်သူ မ.........(၂၀)နှစ်အား ရဲအုပ်ဌေးကျော်မှ တိုင်ကြားခဲ့သောကြောင့် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှ (ပ)၁၃/၂၀၁၆၊ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားကြောင်း အထက်ပါ တာဝန်ကျ ရဲဝန်ထမ်းကပြောသည်။

စ၀်မြတ်ကြည်ကြည်ဟုန်း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
ဖခင်ဖြစ်ကို အရက်မသောက်ရန် တားဆီးသော်လည်း ဖခင်ကဖြစ်သူလိုက်နာခြင်းမရှိ၍ သမီးဖြစ်သူက အက်ဆစ်သောက်ပြီး မိမိကိုယ်မိမိသေကြောင်းကြံ  ဖခင်ဖြစ်ကို အရက်မသောက်ရန် တားဆီးသော်လည်း ဖခင်ကဖြစ်သူလိုက်နာခြင်းမရှိ၍ သမီးဖြစ်သူက အက်ဆစ်သောက်ပြီး မိမိကိုယ်မိမိသေကြောင်းကြံ Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.